ep1

53.7K 612 2
                                    

Unicode

"ပန်းရောင်ရေ....ပန်းရောင်..."

အသံပြဲကြီးဖြင့်အော်ခေါ်ကာ ပြေးဝင်လာသောသူငယ်ချင်းမလေးကြောင့် ပန်းရောင်လန့်သွားမိတယ်။ သူမရဲ့အော်သံကြောင့်တစ်ခန်းလုံးရဲ့အကြည့်ဟာလဲ ပန်းရောင်ဆီမှာပင်။

"ဘာဖြစ်လာတာလဲ ဖြူဖြူလွင်အော်ကြီးဟစ်ကျယ်နဲ့ ရပ္ကြက္စံလိုက္တာ"

"ဘာပြောတယ် မသာကောင် နင်သေပြီသာမှက်"

"လာလေဂျပုမ ထုလိုက်လို့မြေကြီးထဲဝင်သွားမယ်"

" ရောင်ဝါထွန်း!!"

" ကဲ... တော်ကြပါတော့ဟာ နင်တို့နှစ်ယောက်ကလဲမြင်တာနဲ့ကိုက်ဖို့ပဲ ဒါနဲ့ငါ့ကိုခေါ်တာဘာပြောမလို့လဲဖြူဖြူလွင်"

ဒီနှစ်ယောက်ကြားပန်းရောင်ကပဲစကားဝင်ဖျက်ရတယ်။ ဒါမှမဟုက်ရင်သက်လို့ပြီးမှာမဟုက် ဖြူဖြူလွင်နဲ့ရောင်ဝါကအမြဲအဲ့လိုပဲ။

"ဟုက္သားပဲ ဒီကောင်လုပ်တာနဲ့ပြောမဲ့စကားတွေမေ့တော့မလို့ ဒီလို pink.."

"ရှူး....အဲ့လိုမခေါ်နဲ့"

ပန်းရောင်ရှူးဆိုပြီး လက်ညိုးလေးနှခမ်းပေါ်ဖိကာတားမှ ဖြူဖြူလွင်လည်းသတိရကာ မိမိပါးစပ်အားလက်ဖြင့်ဖိအုပ်လိုက်သည်။ 'Pink'ဆိုတဲ့ Instagram accတစ္ခုဟာ followers 1M ထိရှိတဲ့ပန်းရောင်ရဲ့accဖြစ်သည်။ ဒါပင်မဲ့အဲ့အကောင့်ဟာ ပန်းရောင်မှန်း သူ့သူငယ်ချင်းတွေကလွဲ၍ဘယ်သူမှမသိ။ ပန်းရောင်ဟာယောကျာ်းလေးလိုအမြဲဝတ်စားနေပင်မဲ့ တစ်ခါတစ်လေမိန်းကလေးလိုဝတ်ရတာမျိုးကိုလဲကြိုက်နှစ်သက်သူဖြစ်သည်။ ဒါကြောင့်လဲပန်းရောင်အဲ့IGကိုခိုးဖွင့်ထားတာဖြစ်ပြီး သူမိန်းကလေးလိုဝတ်စားသည့်ပုံများကို မျက်နှာမပါအောင်ရိုက်ကာတင်ခဲ့သည်။ မထင်မှက်ပဲသူတင်ခဲ့တဲ့ပုံများဟာကြိုက်နှစ်သက်သဘောကျသူတွေရှိလာတဲ့အခါ Followersတွေတက်လာကာလူသိများသွား၏။

"ဟီး..ငါယောင်သွားလို့"

"အင်း နင်ခုဏကဘာပြောမလို့လဲ"

"ဪ...ဒီလိုလေ နင့်မွေးနေ့ကရောက်တော့မယ်မဟုက်လား"

"ဟုတ်တယ်လေ အဲ့ဒါဘာဖြစ်လို့လဲ"

Poisonous flower(completed )Where stories live. Discover now