ep9

8.8K 222 1
                                    

Unicode

တူ........တူ

ကျယ်လောင်စွာထွက်ပေါ်လာသော ဖုန်းသံကြောင့် ပန်းရောင်အိပ်ချင်မူးတူးကောက်ကိုင်လိုက်သည်။ ဒီအချိန်ကြီးဘယ်သူဆက်တာပါလိမ့်။

"hello"

"ကလေးငယ် အိပ်နေတာလား"

ဖုန်းတစ်ဖက်မှထွက်ပေါ်လာသောအသံကြောင့် ဖုန်းနံပါတ်ကိုပြန်ကြည့်လိုက်တော့ မရင်းနှီးတဲ့နံပါတ်။

"ဟုက် အကို"

"အိပ်ရေးပျက်စေမိပြီ ကိုယ်တောင်းပန်ပါတယ် "

"ဟင်...ရပါတယ် "

"ကလေးငယ် အိကျႌတွေပြန်ပေးမလို့ ဘယ်ကိုလာပေးရမလဲလို့လှမ်းမေးကြည့်တာ"

"ဟုက် ကျောင်းကိုပဲလာပေးလိုက်ပါ"

"ဒါဆိုကိုယ်မနက်ဖြန် ကျောင်းကိုလာပို့ပေးမယ်"

"ဟုက် ကျောင်းရှေ့က****ဆိုင်မှာကျွန်တော်သူငယ်ချင်းတွေနဲ့စောင့်နေပါမယ်"

"ကလေးငယ် မနေ့ညကကိစ္စတွက် ကိုယ်တောင်းပန်ပါတယ်"

"ရ ရပါတယ် ကျွန်တော်ကိုယ်တိုင်လည်းပါဝင်ပက်သက်ခဲ့တာမို့ အကို့အမှားကြီးပဲလည်းမဟုက်ပါဘူး"

"ကိုယ့်ဘက်က ဒီစကားကိုအခွင့်ရေးယူပြီးပြောတာမဟုက်ပင်မဲ့ ကိုယ်မင်းကိုစကားတစ်ခွန်းလောက်တော့ပြောချင်တယ်"

ပန်းရောင်ဘာမှမတုန့်ပြန်ပဲငြိမ်ပြီးတော့ကာနားထောင်နေလိုက်ပြီး တစ်ဖက်ကပြောလာတဲ့စကားက ပန်းရောင်မျက်နှာဟာရေနွေးပူနဲ့ပက်ခံလိုက်သလို ပူလောင်ပြီးဘာပြန်ပြောရမှန်းမသိဖြစ်လို့သွားသည်။

"ကိုယ်မင်းကိုချစ်တယ် ကလေးငယ်"

"ကျွန်တော်က ဟို...ဟို..."

"ကိုယ်နားလည်ပါတယ် မင်းဘာဖြစ်ဖြစ်ကိုယ်ကလက်ခံတာမို့ မင်းဘက်ကဘားမှမဖြစ်နဲ့ ကိုယ့်ကိုလဲအားနာစရာမလိုပါဘူး

ပြီးတော့ အခုချက်ချင်းကြီး ပြန်ချစ်ပါလို့လည်းကိုယ်တောင်းဆိုပါဘူး ကိုယ့်ဘက်ကလည်းကြိုးစားပါမယ် မင်းဘက်ကအသိမှက်ပြုပြီး ကိုယ့်အချစ်ကိုယုံပေးရင်ပဲ ကိုယ်ကျေနပ်ပါတယ်"

Poisonous flower(completed )Where stories live. Discover now