13.

1.8K 94 2
                                        

အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတတ်တဲ့ဥက္ကဌမုနဲ့အတူကူးပြောင်းသွားပြီးနောက် လောကကြီးကဗရမ်းဗတာတွေဖြစ်ကုန်တယ်

အပိုင်း(13)

"နေပါဦး အခုကိုယ့်ကိုအော်နေတာလား"

"ဘာဖြစ်လဲ ? ရှင့်ကြောင့်ပဲလေ အားလုံးကရှင့်ကြောင့်ပဲ ရှင်နဲ့သာ နိုင်ငံခြားခရီးစဉ်လိုက်မသွားဘူးဆိုရင် ဒီလိုဖြစ်လာစရာကိုမရှိတာ အဲ့တာကို ကျွန်မကရှင့်ကိုပျော်ပြပြုံးပြကပြနေရဦးမှာလား မုယန်ချွမ်း ရှင့်ကိုယ်ရှင်ဘာထင်နေလဲ ?"

ဗြန်းးးးး ! !

လော့ဝေဝေစားပွဲကိုအားရပါးရရိုက်ချလိုက်လို့လန့်သွားတဲ့မုယန်ချွမ်း။ ။ "..........."

ကြည့်ရတာသူမတကယ်ကိုစိတ်ဆိုးနေတာပဲ....

သူမရဲ့စွာစိလန်နေတဲ့ဒီပုံစံကိုတခါမှမမြင်ဖူးဘူး ချစ်စရာလေး

အွန်း သူ့ရုပ်သူပြန်ကြည့်နေရသလိုမျိုးဖြစ်နေတာကိုဖယ်လိုက်ရင်ပေါ့လေ

မုယန်ချွမ်းတစ်ယောက် သူကြုံးဝါးထားသမျှကိုအကုန်မေ့သွားခဲ့လေပြီ

ဒီလိုပါပဲလေ အချစ်ရှေ့မှာတော့ အားလုံးကသေးငယ်သွားတတ်တာကပုံမှန်လိုပါပဲ

"ကိုယ်တို့ သေချာဆွေးနွေးဖို့လိုနေပြီ မဟုတ်ရင် ဒီလိုပုံစံအတိုင်းတကယ်ပဲနေသွား‌ေတာ့မလို့လား "

"..........."

ထိုင်ခုံပေါ်မှာ လက်ပိုက်ပြီးထိုင်နေတဲ့လော့ဝေဝေက သူ့ကိုမျက်စောင်းတချက်ထိုးလာခဲ့တယ်

မုယန်ချွမ်းလန့်သွားခဲ့လေရဲ့

အာ လော့ဝေဝေရဲ့မျက်နှာလေးနဲ့သာဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ အခုတော့ ...

ကိုယ့်မျက်နှာကိုယ်ပြန်မြင်နေရတာတောင်အဆင်မ‌ပြေပါဘူးဆို အခုတော့ ကနွဲ့ကလျပုံစံကိုပါမြင်လိုက်ရသေးတယ် တကယ်ကိုကန့်လန့် လုံးဝကိုအဆင်ပြေမနေဘူးနော်

"ပထမဆုံး ကိုယ်တို့ကားမှောက်တဲ့အချိန်ဘယ်လိုတွေးခဲ့လဲ? ပြန်စဉ်းစားကြည့်ရအောင်"

"မသေချင်ဘူးလို့တွေးခဲ့တယ် သေရတာစောတယ်လို့တွေးခဲ့တယ် နှမြောဖို့ကောင်းတယ်လို့တွေးခဲ့တယ် "

(Complete)ဥက္ကဌမုနဲ့အတူကူးပြောင်းလာပြီးနောက်လောကကြီးကဗရမ်းဗတာတွေဖြစ်ကုန်တယ်Where stories live. Discover now