အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတတ်တဲ့ဥက္ကဌမုနဲ့အတူကူးပြောင်းသွားပြီးနောက် လောကကြီးကဗရမ်းဗတာတွေဖြစ်ကုန်တယ်
အပိုင်း(၅၂)
"အရှင်မင်းကြီးကဘယ်လိုစီရင်မှာလဲမသိဘူး"
"မိဘုရားလဲ ဒီကိစ္စကြီးထဲမှာပါလိမ့်မယ်လို့မထင်ထားဘူး"
"မိဘုရားကလဲထက်မြက်တယ်ဟ"
"ထက်မြက်မှာပေါ့ တို့တွေရဲ့အမျိုးသမီးစစ်သူကြီးလေ မျက်နှာလှသလောက် စိတ်ဓာတ်ကတော့အသေမာတာ"
အမတ်တွေကတယောက်တပေါက်နဲ့ပေါက်ပေါက်ဖောက်နေကြပြီး သွမ့်အမတ်ကြီးကိုလဲလှည့်ကြည့်လှည့်ကြည့်နဲ့ စောင့်ကြည့်နေကြလေတယ်
လော့ဝေဝေ ဝင်လာထဲက သွမ့်အမတ်ကြီးဟာ ဖြူဖတ်ဖြူလျှော်ဖြစ်သွားတာ
သူဘာလို့ထိတ်လန့်သွားရတာလဲဆိုတော့ သူအရမ်းချစ်တဲ့ တိမ်ပေါ်ကိုတောင်ပစ်တင်လိုပေးလိုတဲ့အထိ ဆန္ဒရှိတဲ့သူ့သမီးကသစ္စာဖောက်သွားလို့ပဲ
သူမလေးကိုနန်းတော်ထဲထည့်တာဟာ သူ့အတွက်အကျိုးအမြတ်ရတယ်ဆိုပေမဲ့ သူ့သမီးရဲ့ဆန္ဒကြောင့်လဲဖြစ်တယ်
သူ့သမီးမရှိလဲ ဒီအကွက်တွေကိုသူအသာလေးရွှေ့နိုင်တယ် ဒါပေမဲ့ သူ့သမီးကိုဒီကစားပွဲရဲ့အဓိက(queen)နေရာကိုပြောင်းလိုက်တာနဲ့သူချထားတဲ့ကျားစေ့တွေကလုံးဝကိုသုံးစားမရဖြစ်သွားလိမ့်မယ်လို့လုံးဝမတွေးဖူးဘူး သူ့သမီးလက်ကိုသေချာအပ်ခဲ့တဲ့စာရင်းစာအုပ်တွေက အခုတော့ တပါးသူရဲ့လက်ထဲမှာအခန့်သား
သွမ့်အမတ်အိုကြီးရဲ့နှလုံးသားဟာသူ့သမီးရဲ့သစ္စာဖောက်မူ့ကြောင့် လှိုက်ပြီးနာကျင်လာခဲ့လေတယ် နှလုံးကိုလက်နဲ့အုပ်ပြီးသက်သာလိုသက်သာငြားလုပ်လိုက်ချင်ပေမဲ့ သူ့အားနည်းချက်နောက်တခုပေါ်သွားမှာစိုးလို့ လက်သီးကိုသာကျစ်ကျစ်ဆုပ်ထားလိုက်လေတယ်
"ပြောပါဦး ဒီစာရင်းစာအုပ်တွေက ဘယ်လိုဖြစ်တာလဲ"
လော့ဝေဝေက ဘုရင်တပါးရဲ့ပုလ္လင်ပေါ်ကိုတက်သွားကာ မုယန်ချွမ်းအနားမှာသွားကပ်ထိုင်လိုက်တယ်
YOU ARE READING
(Complete)ဥက္ကဌမုနဲ့အတူကူးပြောင်းလာပြီးနောက်လောကကြီးကဗရမ်းဗတာတွေဖြစ်ကုန်တယ်
Historical Fictionှိုဗိုလ်ကျစိုးမိုးတတ်တဲ့ဥက္ကဌမုနဲ့အတူပြောင်းလာပြီးနောက်မှာလောကကြီးကဗရမ်းဗတာတွေဖြစ်ကုန်တယ် လော့ဝေဝေက ရိုးသားကြိုးစားပေမဲ့ မောက်မာတဲ့ဥက္ကဌရဲ့လက်ထောက်ဖြစ်နေတယ် သူမရဲ့သူဌေးကျေနပ်အောင် အမျိုးမျိုးလုပ်ပြရပြီးတော့ သေလောက်အောင်ပင်ပန်းတယ် အဲ့ဒါကြောင့် အဲ့ဥက္...
