အပိုင်း(၃)

237 31 0
                                    

ဂျိုရှုအာ၏ပြန်ဖြေစကားကြောင့် ချွဲဆွန်းချောလ်တစ်ယောက်အော့အန်ဟန်‌လုပ်ပြလာလေသည်။ ယွန်းဂျောင်ဟန်သည်လည်း 'အမယ် မင်းတော်သားပဲ'ဟုဆိုကာ လက်မထောင်ရင်း သူ၏အဖြေစကားကို သဘောတကျရယ်နေလေတော့သည်။

အမှန်တကယ်တွင်တော့ ဂျိုရှုအာ၏အခြေအနေသည်ကား အမှန်တကယ်ပင် နှလုံးခုန်ကြိမ်နှုန်းမြင့်တက်လျက် ရှိနေခြင်းဖြစ်သည်။ နိုးနိုးချင်းမြင်လိုက်ရသော ဆံနွယ်နုနုတို့အား မသိလိုက်မသိဘာသာဖြင့် ခိုးယူနမ်းရှိုက်မိသည်၊ လက်၌ခံစားရသော နူးညံ့မှုသည်လည်း သူ၏ရှေ့မှကျောပေးအိပ်နေသော ယွန်းဂျောင်ဟန်၏ အိစက်သောအသားအရည်မှန်းလည်းသူသိရှိပြီးဖြစ်ပါ၏။

ကျောဘက်မှကြားရသော ချွဲဆွန်းချောလ်၏လှုပ်ရှားသံများကိုလည်း သူမတိုင်ခင်ကတည်းက ကြားနေခဲ့ပါ၏။သို့သော် မိမိစိတ်၏စေစားရာအတိုင်းသာ ဆက်လက်၍ ထွေးပိုက်ထားမိ၏။ အိပ်ချင်မူးတူးဖြင့် သူ့ဘက်လှည့်လာပါသော ကြည်လင်သည့်မျက်နှာလေးအား သူကိုယ်တိုင်ပင်မသိလိုက်ပါပဲ အမြတ်တနိုးကြည့်နေမိ၏။ သူသတိမထားလိုက်မိခင် အချိန်မှာပင် ယွန်းဂျောင်ဟန်သည် သူတို့၏လက်ရှိအခြေအနေအား သတိပြုမိသွားပုံရသည်။ အော်ဟစ်သံနှစ်ခုနှင့်အတူ ပျော်ရွှင်စွာ ရယ်မောအော်ဟစ်မိလေသည်။

တွေ့ဆုံမှုသည် ခဏတာမျှပင်ရှိသေးပါသော်လည်း ဂျိုရှုအာကိုယ်တိုင်ပင်မသိသေးသော်ငြား သူ၏စိတ်အစုံသည် ယွန်းဂျောင်ဟန်အပေါ်သို့ အတိုင်းအတာတစ်ခုထိတိမ်းညွှတ်နေခဲ့ပြီးဖြစ်သည်။

ရယ်မောစနောက်သံများအပြီးတွင် သူတို့နှစ်ယောက်သည်လည်း တစ်ယောက်တစ်လှည့် ကိုယ်လက်သန့်စင်ရေချိုးကာ နေ့လည်စာဖြစ်သော မနက်စာကိုစားကြလေ၏။ အခန်းတွင်စားစရာဘာမျှမဝယ်ထားရသဖြင့် တိုက်အောက်ရှိ စားသောက်ဆိုင်သို့သွားကြလေသည်။

ထို့နောက် ခင်မင်မှုအထိမ်းအမှတ်အနေဖြင့် ဂျိုရှုအာကပင်ဒကာခံမည်ဟုဆိုကာ ‌နေ့လည်စာအားဖြေရှင်းလိုက်လေသည်။ စားသောက်ပြီးစီးသော် ယွန်းဂျောင်ဟန်က ချောကလက်ပူပူလေးတစ်ခွက်လောက်သောက်ချင်သည်ဟုဆိုသဖြင့် အနီးရှိ cafeသို့သွားကြလေသည်။ ဆိုင်ထပ်မထိုင်ချင်တော့သဖြင့် ယွန်းဂျောင်ဟန်အတွက် ချောကလက်တစ်ခွက်‌ဝယ်ပြီးနောက် ဂျိုရှုအာ၏တိုက်ခန်းသို့ပြန်လာကြလေသည်။

Hot Chocolate Where stories live. Discover now