အပိုင်း(၄၃)

232 35 4
                                    

ယွန်းဂျောင်ဟန်သည် ယခုအချိန်မှတော့ ဘာကိုမှ dramaခင်းမနေချင်တော့ပါ။ သူ့အနေနဲ့ လိုအပ်တာက ဂျိုရှုအာတစ်ယောက်သာဖြစ်သလို သူတွန်းထုတ်လိုက်မိတာကလည်း ဂျိုရှုအာကိုသာဖြစ်နေပြန်သည်။ ဒါတွေက သူ့အပြစ်တွေချည်းပါပဲလေ။

ယွန်းဂျောင်ဟန်၏တဆင့်ဆင့်ပြောင်းလဲသွားသော မျက်နှာအမူအရာကိုကြည့်၍ ယွန်းဂျောင်ဟန် သဘောပေါက်သွားပြီမှန်း ချွဲဆွန်းချောလ်သိသွားလေသည်။

ချွဲဆွန်းချောလ်၏သဘောထားသည် အရင်အတိုင်းမပြောင်းလဲ။ သူငယ်ချင်းနှစ်ယောက်လုံးကို အဆင်ပြေစေချင်သည်။ သို့ပေမယ့် ယွန်းဂျောင်ဟန် လုပ်ထားသည်များကလည်း လွယ်လွယ်ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးလေ။ သူ့အနေနဲ့ အခုချိန်အဆင်ပြေစေချင်ရင်တောင်မှ ဂျိုရှုအာဘယ်မှာရှိနေလဲ မသိသည့်အတွက် ဘာမှဆက်လုပ်မရတော့ပေ။ ထို့ကြောင့် ယွန်းဂျောင်ဟန်ကိုသာနှစ်သိမ့်ပေးပြီး သူသိလိုသည်များမေးရန်သာဆုံးဖြတ်လိုက်တော့သည်။

"သဘောပေါက်သွားပြီလား"

ယွန်းဂျောင်ဟန်သည် ခေါင်းကိုသာတချက်ငြိမ့်ပြလေသည်။ နွမ်းလျနေသောမျက်နှာကိုတချက်ပွတ်လိုက်ပြီးနောက် ယွန်းဂျောင်ဟန်ကခပ်ဆွေးဆွေးဖြစ်နေပြန်သည်။

"ငါခုဏကမရှင်းလိုက်လို့ မင်္ဂလာပွဲကိုလိမ်တယ်ဆိုတာဘာလဲ"

ချွဲဆွန်းချောလ်မေးတာလည်းမလွန်ပါ၊ ဟိုးလေးတကျော်ကျော်ဆိုတာလောက်ထိမဟုတ်ပေမယ့် ယွန်းဂျောင်ဟန်တို့တဌာနလုံးသိကြသည့်အပြင် နီးစပ်သူအများအပြားလည်းသိကြသည့်ကိစ္စဖြစ်သည်လေ။ သူတောင်မှ တချို့အပေါင်းအသင်းများထံမှ မေးမြန်းခြင်းတချို့ခံခဲ့ရသေးလေသည်။

ယွန်းဂျောင်ဟန်က သူ့မေးခွန်းကိုကြားလေတော့ သက်ပြင်းမောကြီးချကာ ရှင်းပြလာလေသည်။

"အစအဆုံးကလိမ်ထားတာ ငါနဲ့ဆိုဖီနဲ့က ဘာမှမဟုတ်ဘူး ဒီတိုင်းအသိမိတ်ဆွေပဲ၊ သူ့မိဘတွေနဲ့ ငါ့အဖေနဲ့က စပ်တူလုပ်ငန်းတချို့ရှိတော့ ခင်နေကြတာ၊ သူကတော့ ငါ့အပေါ်ဘယ်လိုစိတ်ရှိတယ်မသိပေမယ့် ငါကတော့ သူ့အပေါ် ညီမလေးတစ်ယောက်လိုပဲအတွေးရှိတယ်

Hot Chocolate Where stories live. Discover now