part (5)

412 13 0
                                    

My Lady (bl)
part (5)
--------------------unicode/zawgyi

တစ်အိမ်တည်းနေ နေပါလျှက် နှစ်ရက်လောက် အရိပ်အယောင်မမြင်ရဘဲ အခန်းအောင်းနေတဲ့ လင်းညက
အရှင် ခေါ်ခိုင်းလိုက်မှ ဆင်းလာတော့သည်

ကိုယ်ပြောလိုက်တဲ့ စကားကြောင့် လင်းည ပြိုလဲနေမှာကို စိတ်ပူနေမိတဲ့ အရှင့်မှာ ကိုယ့်ရှေ့ရောက်လာတဲ့ ကောင်လေးကို သေချာအကဲခပ်ရင်းက

"မမြင်ဖူးသလို ကြည့်နေတာပဲ"

စိုက်ကြည့်နေမိတဲ့ကိုယ့်ကို ပေါ့ပေါ့ပါးပါးပြောလာတဲ့ လင်းည စကားကြောင့် အခြေအနေမဆိုးလောက်ဘူးလို့ တွေးလိုက်ပြီး

"မင်း..အလုပ်လုပ်ချင်တယ် မဟုတ်လား"

လင်းည စိတ်အပြောင်းအလဲ ဖြစ်အောင် အလုပ်လုပ်ခိုင်းဖို့စဉ်းစားထားပြီးဖြစ်၍ အရှင်ပြောလိုက်တော့

"အင်း..အခု လုပ်ရမှာလား"

"မဟုတ်ပါဘူး..မနက်ဖြန် လူတစ်ယောက် မင်းကို လာခေါ်လိမ့်မယ်."

အလုပ်ဆိုရုံနဲ့ စိတ်အားထက်သန်လာပုံရတဲ့ လင်ညကြောင့် စီစဉ်တာမှန်သွားပြီလို့ အရှင် တွေးလိုက်မိသည်

"ကျွန်တော်က ..ဘာလုပ်ရမှာလဲ
အဘစိုးရပြောတော့..ခင်ဗျားကို ကာကွယ်ပေးဖို့ဆို"

ပြန်မေးလာတဲ့ လင်းည စကားကိုတော့ အရှင် ပြုံးလိုက်မိရင်း

"အခုက ငါ့အတွက်မလိုသေးပါဘူး..
မင်းလည်း ဒီအလုပ်အကြောင်းသေချာသိရအောင် ပေါ့ပေါ့ပါးပါးက စလုပ်ကြည့်သင့်တယ်..ဘာတွေလုပ်ရမှာလဲ ဆိုတာတော့..မင်းကို လာခေါ်တဲ့လူက ပြောပြပါလိမ့်မယ်"

ကောင်လေးကို သူ့အနားခေါ်ထားဖို့ ကောင်းတဲ့အခြေအနေမဟုတ်သေးတာကြောင့်
လွယ်ကူတဲ့နေရာကပဲ စလုပ်ကြည့်ဖို့ ပြောလိုက်ရသည်

"ဟုတ်ပြီလေ.. အဆင်ပြေပါတယ်
ဒါပဲမဟုတ်လား..ကျွန်တော်ပြန်တက်တော့မယ်"

"အင်းပါ.. ကောင်းပြီ"

သူနဲ့ ကြာကြာမျက်နှာချင်းဆိုင်ချင်ပုံမပေါ်တဲ့ လင်းညပုံစံကြောင့် အရှင် ခွင့်ပြုပေးလိုက်ပြီး
သက်ပြင်းသာ ချမိသည်

My Lady (BL) Completed Where stories live. Discover now