Part (21)

242 9 4
                                    

My Lady (bl)
part (21)
--------------------unicode/zawgyi

သတိလစ်နေတဲ့ မြိုင်မဟာကို ဟိုတယ်ထဲက တွဲထုတ်လာကာ ကားပေါ်တင်အပြီးမှာ အရှင့်ဆီဖုန်းခေါ်ရန် သစ်ခက် ဖုန်းကိုထုတ်ယူလိုက်စဉ်မှာပဲ

"ဒုတ်"

"အ"

"မင်း ဒီလိုလုပ်လိမ့်မယ်လို့ ငါထင်ခဲ့ပြီးသားပဲ"

လဲကျသွားသော သစ်ခက်ကိုကြည့်ကာ မဲ့ပြုံးနဲ့ပြောလိုက်သူက ဦးထွန်းဇပဲ ဖြစ်နေတော့သည်

သစ်ခက်ကို မယုံကြည်ဖို့ အကြိမ်ကြိမ်နားချခဲ့ပေမယ့်
ဦးနှောက်ထက် ခံစားချက်ကိုသာ ဦးစားပေးတတ်သော ကိုယ့်ဆရာကို တားမရခဲ့

ဒါကြောင့်လည်း ထွန်းဇ မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ခြင်းသာ
အခုတော့ ကိုယ်ထင်တဲ့အတိုင်းဖြစ်လာခဲ့ပြီပဲ

သစ်ခက်ဆိုတဲ့ကောင်က အရှင်ထောင်ထားတဲ့ ထောင်ချောက်တစ်ခုပဲဆိုတာကိုလည်း ထွန်းဇ သိလာခဲ့ရပြီဖြစ်သည်

-------------------------

"bae က ဝေ့ရဲ့သားမဟုတ်ဘူးလို့ပြောလိုက်တာလား"

အခုထိတောင် bae ဆိုတာကို ပါးစပ်ဖျားက မချသေးသော ကိုယ့်ဆရာကိုကြည့်ပြီး ထွန်းဇ စိတ်မသက်သာစွာ ခေါင်းရမ်းပြမိသည်

"လုံးဝမဟုတ်တာ သေချာပါတယ်ဆရာ...
သေမင်းတမန်ကို မရောက်ခင်က ဒီကောင်နဲ့တွဲလုပ်ဖူးတဲ့လူဆီကနေ ကျွန်တော် အကုန်သိခဲ့ရပြီးပြီ
သစ်ခက်ဆိုတဲ့ကောင်က လမ်းပေါ်ကအလေအလွင့်သက်သက်ပဲ
သူ့အပေါင်းအသင်းတွေချောက်ချလို့ အကြွေးတွေပတ်ပြီး ဆေးမှောင်ခိုအဖွဲ့တစ်ဖွဲ့နဲ့ငြိတဲ့အချိန်မှာ အရှင်ဆိုတဲ့ကောင်က ကူညီပေးခဲ့တာကနေ အရမ်းသစ္စာရှိလွန်းလို့ကို သေမင်းတမန်အဖွဲ့ထဲအထိနေရာယူနိုင်ခဲ့တာတဲ့"

"ဒါဆို... ဝေ့ရဲ့သားက ဘယ်ရောက်သွားတာလဲ"

"အဲ့ဒါနဲ့ပက်သက်ပြီး သံသယဖြစ်စရာတစ်ခုရှိတယ် ဆရာ....
ဒီမှာကြည့်ပါ"

ထွန်းဇ ဖွင့်ပြလာတဲ့ ဖုန်းထဲက ပုံကိုကြည့်ပြီး မြိုင်မဟာ နားမလည်နိုင်ဖြစ်သွားရသည်

"ဒီကောင်ကရော ဘာလဲ"

သူတွေ့လိုက်ရတာက အရှင်နဲ့ လူငယ်တစ်​ယောက် ဖက်လဲတကင်းလုပ်နေသည့် ပုံ

My Lady (BL) Completed Where stories live. Discover now