Ep-18

187 17 4
                                    

နေပူနေတာမလို့Premတစ်ယောက်ဒီနေ့အပြင်သိပ်မထွက်ချင်ပါ။

'ဒီအချိန်မိုးရွာလိုက်ရင်ဘယ်လောက်ကောင်းမလဲ'Premရဲ့အတွေးတွေကိုမိုးနတ်မင်းကကြားသွားသလို။ နေကပိုလို့ပင်ပူလာသေးသည်။

Premတစ်ယောက် Laptop ကိုပိတ်လိုက်ပြီးပျငးတဲ့စိတ်တွေဖြေဖျောက်ကာနေ့လယ်စာအတွက်ပြင်ရန်ကြံလိုက်သည်။

အပြင်မှာထွက်စားလို့ရပေမယ့်လည်းgeminiညကကားယူပြီးမနက်အထိပြန်မရောက်သေးတာကြောင့်Premအပြင်ထွက်လို့မရ။Taxiလည်းမခေါ်ချင်။ဒါကြောင့်ကိုယ့်ဟာကိုချက်စားဖို့မီးဖိုချောင်ထဲဝင်လိုက်သည်။

ရေခဲသေတ္တာထဲမွှေနှောက်ကြည့်တော့အသားချောင်းတစ်ချို့နဲ့မုန့်ညင်းရွက်တွေ့တာကြောင့်
အကုန်လုံးကိုရေနွေးဆူဆူထဲထည့်ပြီးအသင့်စားခေါက်ဆွဲနဲ့ရောပြုတ်လိုက်သည်။ငရုတ်သီးမှုန့်အနည်းငယ်ထပ်ထည့်ပြီးဆီနည်းနည်းထည်းလိုက်သည်။ရလာတဲ့
ချဥ်စပ်ခေါက်ဆွဲပူပူစပ်စပ်ကိုပန်ကန်ထဲလှည်ထည့်ပြီးနေ့လယ်စာကိုဗိုက်ဖြည့်လိုက်သည်။

စားနေတုန်းကြားလိုက်ရတဲ့အိမ်ရှေ့ကကားသံကြောင့်Premနှုတ်ခမ်းသုတ်ပြီးတံခါးဖွင့်ပေးလိုက်သည်။

"Prem"

မမြင်ချင်ဆုံးလူကိုတွေ့လိုက်ရတာမလို့Premမျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။

Bounသူ့ရှေ့ကအငူသားရပ်နေတဲ့ကောင်လေးကိုပွေ့ဖက်ရင်အကြိမ်ကြိမ်တောင်းပန်နေမိသည်။

"တောင်းပန်ပါတယ်....Prem...... မင်းကိုလိမ်ခဲ့မိလို့....ကိုမင်းကိုချစ်တယ်Prem...ကိုယ်တို့အရင်လိုပြန်နေရအောင်လေ....ကိုယ်သူနဲ့မှလည်းမပက်သက်ဘဲမင်းကိုဘဲချစ်မယ်လို့ကတိပေးတယ်....ကိုယ်တို့အရင်လိုပြန်နေရအောင်"

Bounငိုနေရင်းPremကိုထွေးပွေ့ကာတတွတ်တွတ်ပြောနေမိသည်။

Prem Bounရဲ့လက်တွေကိုဖယ်ရင်း
"မင်းကငါ့လိုgayမှမဟုတ်တာ"
Premပြောပြီးအိမ်ထဲကိုပြန်ဝင်သွားဖို့လုပ်ပေမယ့်လည်းBounရဲ့စကားတွေကPremခြေလှမ်းတွေကိုရပ်တန့်စေသည်။

"ဟုတ်တယ်....ကိုယ်ကမင်းလိုgayမဟုတ်ဘူးယောက်ျားချင်းချင်းတွဲရင်ဘယ်လိုနေရလဲမသိတဲ့ကိုယ်ကလေ...မင်းကိုလိုက်ဖို့Bl seriesတွေအများကြီးကြည့်ခဲ့တယ်...မင်းနဲ့အကြိုက်တူအောင်ကိုယ်အရမ်းမုန်းတဲ့ပင်လယ်စာတွေကိုစားခဲ့တယ်....မင်းအားကိုးရအောင်gymတွေအများကြီးဆော့ပြီးကိုယ့်ကိုယ်ကိုယ်ပြောင်းလဲခဲ့တယ်....မင်းသိလားမင်းကိုကိုယ်စကြိုက်ခဲ့တုန်းကမ
င်း15နှစ်အရွယ်ကောင်လေးဆိုတာကိုလေ
ကိုယ်မင်းကို10နှစ်လုံးလုံးချစ်ခဲ့တာ"

Love storyWhere stories live. Discover now