Ep-25

158 15 1
                                    

"ကျွန်တော်လည်းP'နဲ့ထပ်တူဘဲ"

Nanonရှက်ဝဲဝဲလေးဖြင့်ဆိုတော့Ohmကကျေနပ်စွာပြုံးသည်။

ညလေပြေလေးတွေရဲ့တိုက်ခတ်မှုနဲ့မြစ်ကမ်းနဘေးကကောင်လေးနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေဟာသိပ်ကိုကြည်နူးဖို့ကောင်းလှသည်။

.................

"ကိုကို!"

အိမ်ရှေ့မှာမထင်ထားတဲ့လူကိုတွေ့လိုက်ရတာကြောင့်Gunအတော်အံ့သြသွားသည်။

"ကိုကိုဘယ်လိုလုပ်...?"

"Babeအဖေနဲ့အမေရှိလား?"

"အပေါ်ထပ်မှာ"
Gunအိမ်ကိုလက်ညိုးထိုးပြပြီးပြောတော့Offကရယ်လျက်
"အရမ်းလန့်သွားလား?"

"မလန့်ဘဲရှိမလား"
Gunကဆောင့်အောင့်ပြောတော့Offကခပ်ဟဟရယ်တယ်။

"မနက်ဖြန်မှတွေ့မယ်Babe"

"အွန်း"

အိမ်ထဲဝင်သွားတဲ့Gunကိုကြည့်ရင်းOffပြုံးမိသည်။တွဲလာတဲ့အချိန်တစ်လျှောက်လုံးမမဘတွေဘယ်လိုဘဲခွဲခွဲ ဘယ်အရာတွေကဘဲတားဆီးထားတားဆီးထား Gunဘယ်တော့မှOffလက်ကိုမလွှတ်ခဲ့။

____________________

"တို့ဆီမှာမင်းလက်စွပ်ကျန်ခဲ့လို့ပြန်လာပေးတာပါ"

Milkပြောရင်း Loveရှေ့ကိုဘူးလေးတစ်ခုကမ်းပေးလိုက်သည်။Loveခေါင်းမော့ကြည့်လိုက်တော့မြင်လိုက်ရသည့် အမျိုးသမီးလေးကြောင့် အံ့သြသွားသည်။Milkက ရှပ်အင်္ကျီလက်ရှည်အပြာရောင်လေးကိုတံတောင်နားအထိခေါက်တင်ထားပြီး Style Pantsအနက်ရောင်ကိုတွဲဖက်ဝတ်ဆင်ထားပြီး 5'11ဖြစ်နေတဲ့အရပ်အမောင်းကြောင့် အားကိုးချင်စရာအတိ။နက်မှောင်တဲ့ဆံနွယ်တွေကိုစုစည်းထားသည်မှာ ရင့်ကျတ်သည်ကိုအသွင်ဆောင်တဲ့သဘောရှိသည်။

"မြင်မြင်ချင်းကြွေသွားတာလား"

Milkပြောလိုက်မှဘဲ Loveငေးကြည့်နေရာမှအသိဝင်လာတော့သည်။

"ကျေးဇူးပါ P' "

Milkလက်ထဲကဘူးလေးကိုယူလိုက်ရင်းဆိုလိုက်သည်။

"Milk......P'နာမည်က Milkပါ '"

"ဟုတ်ကဲ့ပါရှင့်"
နူးညံတဲ့ထိုအသံလေးက Milkရဲ့နှလုံးသားတွင်နေရာအပြည့်ယူသွား၏။ ချစ်ခြင်းမေတ္တာဟာထူးဆန်းပါရဲ့ ကိုယ့်မတ်လေးရဲ့Exကိုမှချစ်မိရတယ်လို့လေ။Milkအတွေးတွေကိုလက်စသတ်ကာ မျက်စိရှေ့က အသည်းအသက်လေးကိုကြည့်ရင်း

Love storyWhere stories live. Discover now