6.6K 117 5
                                    

Unicode
********

"မောနင်း နွံ"

မိုးသက်လွန် နွံကို နမ်းလိုက်ပြီး အိပ်ရာပေါ်ကနေ ပွေ့ချီလိုက်သည်။
"မျက်နှာသစ်ပေးမယ် ဘာစားချင်လဲ "
"ဟင်း အမဲစွပ်ပူပူလေး"
"ဒါပဲလား "
"အွင်း"
" Ok ပို့ခိုင်းလိုက်မယ် ၊ ‌ဒါး အောက်ဆင်းမှာပေးပါဦး"

"အင်း"
ဒါး သူ့ခင်ပွန်းက နွံကို ပွေ့ကာ ရေချိုးခန်းထဲ ဝင်သွားပြီး မှာသွားတာကို သူက နွံအတွက် အင်္ကျီထုတ်ပေးလိုက်ရင်းမှ ခေါင်းငြိမ့်ပြလိုက်သည်။

သူအောက်ဆင်းလာပြီး သူနှင့် မိုးသက်အတွက် ကော်ဖီနှင့် ကိတ်သာ ပြင်ပေးပြီး အမဲစွပ်နှင့် ထမင်းကို အခန်းလာပို့ဖို့သာ ပြောလိုက်သည်။ အဘွားကတော့ ဒီအချိန် အိပ်ရာမထသေး။ အသက်ကြီးနေပြီ ဖြစ်တာကြောင့် မနက်စောစောဆို တမင်မထခိုင်းဘဲ အဘွားပုံမှန် အိပ်ရာထချိန်က မနက် ၁၀နာရီမှသာ။

နွံက ဘယ်တော့မှ လူမြင်ကွင်းမှာ ဆင်းမစားပေ။ အကိုတို့ အိမ်ထောင်ရေးကြား ကျွန်တော့်ကို သွေးကွဲစေတဲ့ ကြားလူလို့ လူတွေ ကဲ့ရဲ့မှာ ကြောက်တယ်ဆိုတော့ စကားဖြင့် ကိစ္စမရှိရင် အခန်းထဲက လုံးဝမထွက်။

ကိစ္စဆိုသည်မှာလဲ နွံထံမှာ မရှိ။ သူနှင့် မိုးသက် အတင်းခေါ်ထုတ်မှသာ လူမြင်ကွင်းသို့ ထွက်လာတတ်တဲ့ ကောင်ငယ်လေး။ နောက်တော့ နွံကို ဖိအားမပေးချင်တာကြောင့် ထပ်ပြီး အပြင်ထွက်ဖို့ ဖိအားမပေးတော့။ သူပျော်သလို နေပါစေလေ။

ဒါးအပေါ်‌ပြန်ရောက်တော့ နွံက သူထုတ်ပေးထားတဲ့ အဝတ်စားကြားမှာ ကလေးပေါက်စလေး တစ်ယောက်လို ချစ်စဖွယ် နှစ်မြှုပ်လျက်။ နောက်တော့ နွံကို ခေါ်ကာ သူတို့ အခန်းဖက် ကူးခဲ့လိုက်သည်။ နောက် အခန်းထဲမှာပဲ နေလွန်းရင် ညောင်းညာနေမှာ စိုးတာကြောင့် နွံကိုခေါ်ပြီး ကိုယ်လက်အားကစား အနည်ငယ် ခေါ်လုပ်ရသည်။ ငပျင်းလေး နွံက ပုံမှန်ဆို လိုက်လုပ်ပေမယ့် ညကလို ပူနွေးနွေး အချိန်တွေကို ဖြတ်သန်းထားတဲ့ ရက်တွေတွင်တော့ အပျင်းထူကာ လိုက်မလုပ်။

မိုးသက်နှင့် ဒါးတို့ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပြီးတော့ မနက်စာလဲ ရောက်လာလေပြီ။ ၃ယောက်သား စားသောက်ပြီးတာနှင့် မိုးသက် သားအိမ်အားဆေး ထုတ်ပြီး နွံကို တိုက်လိုက်သည်။ နွံ လိမ်လိမ်မာမာသောက်ပြီးတာနှင့် သူ့အခန်းပြန်သွားကာ လိုင်းပေါ်ကနေ စာသွားသင်တော့သည် ။

နွံWhere stories live. Discover now