2K 40 1
                                    

Unicode
*********
နွံ မျက်ဝန်းတွေက အမှောင်ထုထဲ နီရဲတောက်စွာ နိုးကြားလို့နေသည်။
"အဘွားကြီး ငြိမ်ငြိမ်ကိုမနေဘူး၊ ဝင်ရှုပ်ရဲတယ်ပေါ့ ၊အသက်ကြီးလွန်းလို့ သေချင်နေပြီထင်တယ်"

ပုံမှန်နွေးထွေးပြီး အမြဲပြုံးနေတတ်တဲ့ ကောင်ငယ်လေးဟာ အေးစက်မှောင်မိုက်ပြီး ကျောချမ်းစရာအပြုံးနှင့် မျက်ဝန်းနီနီတို့ဖြင့် အမှောင်ထုထဲ နှစ်ဝင်လို့နေသည်။
"သေလိုက်တော့..အဘွားကြီး"

ဒေါ်အေးနွေ အဆောင်လက်ဖွဲ့တွေ ကိုင်ရင်း အိမ်ပြန်ရန် တာဆူလိုက်သည်။ ဒါရိုက်ဘာကောင်လေးက ကားခေါင်းခန်းထဲ ကွမ်းလေးတမြမြဖြင့် ဒေါ်အေးနွေကို စကားတွေ ပြောလို့နေသည်။
"အမေကြီးရ၊ လူလိမ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲလို့၊ ဟောခ ဘယ်လောက်ပေးလိုက်ရလဲ"
"စေတနာကြေးပဲပေးပါတဲ့တော်၊ လူလိမ်တော့ မဟုတ်လောက်ဘူး၊ သူ့အဘိုးကိုယ်တိုင်လဲ ငါငယ်ငယ်ထဲက သိလာတဲ့ အဟောအပြောမှန်ကန်တဲ့ ဆရာကြီးပါအေ။ သူပြောမှ သေချာပြန်စဉ်းစားမိတာ အိမ်မှာ တကယ်ကို အဖက်ဖက်ကနေ ကျဆင်းနေတာလို့၊ မြေးတို့လင်မယားတွေ ခရီးကပြန်လာပြီးထဲကပဲ ၊ ကုမ္ပဏီမှာ ပြဿနာတက်လိုက် အိမ်မှာ မွေးထားတဲ့ ကြောင်တွေ သေကုန်လိုက် ၊လူက နေရထိုင်ရ မကောင်းလိုက်နဲ့၊ သူဟောတဲ့အတိုင်းပဲ"

"အဲဒါတော့ ဟုတ်တယ်နော် အမေကြီး၊ အကိုလေးတို့ ပြန်လာထဲက အပြင်လဲ သိပ်မထွက်တော့ဘူး၊ အမြဲအခန်းအောင်းပြီး ဟိုခရီးက ပြန်လာပြီးနောက်ပိုင်း အကိုလေးမိုးသက်လွန်ဆို ပိန်ကျသွားပြီး ဆံပင်ဖြူတောင် ပေါက်နေတယ်၊ အကိုလေးဒါးဆိုလဲ ခဏခဏ ‌မူးမူးနေတာ "
"ပြောသားပဲ၊ အိမ်မှာ ဟိုဗေဒင်ဆရာလေးပြောသလိုပဲ တစ်ခုခုဖြစ်နေပြီထင်တယ်"

"ဟုတ်သား အမေကြီး သတိထားမိလား၊ အကိုလေးတို့တွေလေ ခရီးက ပြန်ရောက်ပြီးတော့ သူတို့ဘေးက စတိုခန်းကို ရှင်းခိုင်းပြီး အိပ်ခန်းလုပ်ခိုင်းတာ။ အစကထင်တာ သူငယ်ချင်းတွေ ဘာတွေလာလည်မှာမလို့ထင်နေတာ ၊ဘယ်ဟုတ်မလဲ အကိုလေးတို့၂ယောက်ပဲ ထမင်းသွားသွားစားလိုက် ၊ညဖက်သွားသွားအိပ်လိုက်နဲ့"

"ဟမ်၊ ငါ့မြေးတို့က အဲအခန်းထဲ သွားနေတာလား"
"ဟုတ်တယ် ၊အမေကြီးက ညဆိုစောစောအိပ်ပြီး မနက်ကျ အိပ်ရာထနောက်ကျလို့ မသိတာ၊ အရင်က ကျွန်တော်တို့ထင်တာ အကိုလေးတို့တွေ ရန်ဖြစ်ထားလို့ အခန်းခွဲအိပ်ချင်တယ် ထင်တာ။ မဟုတ်ဘူးဗျာ တစ်ခါတလေ ၂ယောက်လုံး အဲအခန်းထဲ သွားနေတာဆို"

You've reached the end of published parts.

⏰ Last updated: Mar 09 ⏰

Add this story to your Library to get notified about new parts!

နွံWhere stories live. Discover now