6

7.1K 337 17
                                    

💝 Part - 6 💝

◽◽◽◽◽

တစ်လလုံးတင်းမာနေခဲ့သည့် မွေးဖခင်က ဒီမနက်စောစောမှာ အိမ်ပြန်လာဖို့စာပို့ထားသလို မေမေကလည်းဖုန်းခေါ်ထား၍ မိုးကုတ်ကိုပြန်ဖို့ပြင်ဆင်နေမိသည်။
အိမ်ကဘာမှယူမလာခဲ့၍ ဘာမှလည်းပြန်သယ်စရာမရှိသောကြောင့် လာတုန်းကဝတ်ခဲ့သော ရှပ်လက်ရှည်နဲ့ဘောင်းဘီကိုပြန်ဝတ်ပြီး အခန်းအပြင်ထွက်လာခဲ့သည်။

ငလျှံကတော့ ညက ဟိုငမွှေထိုးနှင့်စကားများပြီး အိပ်တာနောက်ကျသွား၍ မထနိုင်သေး။
ထို့ကြောင့်နှုတ်မဆက်တော့ဘဲ ငလျှံ့ဖုန်းထဲကိုသာ မက်ဆေ့ပို့ထားခဲ့လိုက်၏။

"ဘယ်လဲ"

တိတ်ဆိတ်နေသောပတ်ဝန်းကျင်မှာ သူမ ရှိနေမည်ဟုထင်မထားသလို ရုတ်တရက်အသံထွက်လာ၍ လန့်ဖျပ်သွားမိသည်။
ရင်ဘတ်ကိုဖိ၍ နောက်ပြန်လှည့်ကြည့်မိတော့မှ ပိုပြီးလန့်သွားရကာ ဖုန်းပါလွတ်ကျသွားသည်အထိ။

"မင်း ဘယ်လိုကြီးလုပ်နေတာလဲ"

သူမက ဇောက်ထိုးအနေအထားဖြင့် ခြေထောက်နှစ်ချောင်းကမိုးပေါ်ထောင်နေကာ ခေါင်းဖြင့်ထောက်ထားတာမို့ ကြောင်နေပြီလားဟု အတွေးဝင်သွားမိသည်။
ညကလည်း နောက်ကျမှအိပ်ရာဝင်ပြီး အခုလည်းမနက်အစောကြီး အုန်းပင်စိုက်နေပြန်သည်။
သူသိခဲ့သော သက်ထက်ဘုန်းလျှံဟာ အရင်ကတည်းက ဘယ်သူဘာဖြစ်ဖြစ်၊ ဂရုမစိုက်တတ်ဘဲ တစ်ခုခုကိုအာရုံစိုက်ကြိုးစားနေတတ်သူသာ ဖြစ်သည်။

"အိပ်ယာပြောင်းလို့လားမသိဘူး အိပ်မရလို့ ယောဂကျင့်နေတာ"

အဖြေစကားနှင့်အတူ ခြေထောက်နှစ်ဖက်ကို ပြန်ချလိုက်ပုံက သိမ်မွေ့လွန်းသလို ဒီမိန်းကလေးဟာ ကြမ်းတမ်းခက်ထန်သလောက် သိမ်မွေ့မှုရှိသောမိန်းကလေးဟု တွေးလိုက်မိသည်။
ပြေလျော့နေသောဆံပင်တွေက မျက်နှာပေါ် ကပိုကရိုကျနေ၍ ထိုဆံပင်တွေကိုအသာသပ်တင်နေသော မျက်နှာလေးက ဝင်းနုနေ၏။
ငလျှံနဲ့ဆင်ပေမယ့် ငလျှံ့လိုမဟုတ်ဘဲ သူမပုံစံလေးက နည်းနည်းကလေးဆန်သလို တစ်ခါတစ်လေတော့လည်း ငလျှံ့လိုမာကျောလွန်းလှသည်။
အတွေးဖြင့်ခေါင်းတစ်ချက်ခါလိုက်ပြီး ကြမ်းပြင်ပေါ်ကဖုန်းကို ပြန်ကောက်ကြည့်တော့ အနည်းငယ်ပွန်းသွားရုံပဲမို့ ဘောင်းဘီအိတ်ထဲထိုးထည့်ကာ…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now