P-3

598 43 9
                                    

Winnyနဲ့fourthတို့နှစ်​ယောက်ကားနားသို့မသွားရဲကြပါ။

တီးးးးးတီးးးးး

ကားဟွန်းသံကအလွန်ပင်ကျယ်လာပါသည်။နှစ်​ယောက်သားတစ်​ယောက်မျက်နှာတစ်​​ယောက်ကြည့်ကာစိတ်ထဲတွင်"မင်းအရင်သွား"ဟုညီးညူး​နေကြပါသည်။
မတတ်နိုင်​တော့တဲ့အဆုံးသွားကြရပါ​တော့သည်။

"Winny​ရေကံ​ကောင်းပါ​စေ~~"

"မင်း​ရောပဲfourth!"

ထိုသို့​ပြောကာတစ်​ယောက်ကားတစ်​ယောက်၀င်သွားကြပါသည်။ကားတခါးဖွင့်လိုက်​တော့မြင်လိုက်ရတဲ့မျက်နှာ​တွေ​ကြောင့် လူကအ​ကြော​တွေပင်​ထောင်​နေပြီဖြစ်သည်။မြင်လိုက်ရတဲ့မျက်နှာ​တွေမှာသူတို့ထင်သလိုပါပဲgeminiနဲ့satangကို​တွေ့လိုက်ရသည်။သူတို့၏မျက်နှာမှာ​ဒေါသစိတ်အနည်းငယ်ပါ​နေသည်။သူတို့လည်းဘာစကားမှမဆိုနိုင်ကာ​ခြေ​တွေလက်တွေတုန်လျှင်နှင့်တက်သွားပါသည်။fourthတို့ကားအ​ရှေ့ရှိwinnyတို့ကားသည်အရင်ထွက်ကာသူတို့လမ်းအတိုင်းထွက်သွားပြီးfourthတို့သည်လည်းစံအိမ်ကိုပြန်ကြရသည်။
လမ်း​တွင်fourthတစ်​ယောက်တိတ်ဆိတ်ငြိမ်သက်​နေသည်။
geminiက​တော့ထိုအ​ခြေအ​နေကိုကြည့်ကာမဲ့ပြုံးတပ်ဆင်လိုက်ပါသည်။

"Fouth!"

Geminiကစကားစဆိုလိုက်ပြီးတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။fourthတစ်​ယောက်သူ့ဘက်လှည့်ကြည့်ကာ

"​ပြော ​ပြော​လေ~"အ​မေးကိုကြောက်​ကြောက်ဖြင့်ပြန်​ဖြေလိုက်သည်။

"သိလားအပြစ်ကို?"

Fourthတစ်​ယောကငြိမ်သွားကာစကားမဆိုလာပါ။geminiသည်​ဒေါသအနည်းငယ်ထွက်ကာ

"Fourth!!!ကိုယ်​မေး​နေတယ်​လေ!"

Fourthတစ်​ယောက်သူ့ကို​အော်လိုက်တဲ့gemini​ကြောင့်မျက်ရည်​တွေအနည်းငယ်စုစည်းလာသည်မှာအမှန်။ထို​ကြောင့်geminiဘက်ကိုမျက်ရည်အဝိုင်းသားနဲ့ပြန်ကြည့်လာပြီးစကားအနည်းနည်း​ပြောလိုက်သည်။

"Da daddy fourth​တောင်း ​တောင်းပန်ပါတယ်။အဲ့တုံးက က သူငယ်ချင်း​တွေအတင်း​ခေါ်လို့ပါ"

"ဘယ်လောက်​ခေါ်​ခေါ်ငြင်းရမှာbaby​တာ၀န်မဟုတ်ဘူးလား?"

"​တောင်းပန်ပါတယ်~"

I am your daddy (not father)حيث تعيش القصص. اكتشف الآن