P-12

481 36 14
                                    

​နောက်တစ်​နေ့

*၂ပတ်​လောက်အိမ်​အောင်းခိုင်းထားတာအခုဆိုရင်၁ပတ်​ကျော်​နေပါပြီ​နော်*

မနက်ခင်းအချိန်​တွင်ပြတင်း​ပေါက်မှမျက်နှာ​ပေါ်၌​တောက်ပစွာ​နေရာယူလိုက်တဲ့​နေ​ရောင်ခြည်​ကြောင့်geminiတစ်​ယောက်အိပ်​နေရာမှနိုးသွားပါတယ်။

နိုးပြီးချက်ချင်း​ခေါင်းကို​ဘေးသို့သာသာ​လေး​စောင်းလိုက်ကာသူ့လက်​မောင်း​ပေါ်၌ဆန့်ကျင်ဘက်တွင်လှည့်ကာအလွန်ပင်အိပ်​မောကျ​နေတုံးဖြစ်တဲ့fourthကိုမြင်လိုက်သည်။
အဲ့တာကိုgeminiမြင်​တော့fourthကိုအ​နောက်က​နေခါးက​​နေဖက်လိုက်ကာနားအနီးသို့ကပ်၍

"အိပ်တုန်းလားbaby?"

"...."

geminiသိပါတယ်fourthကဒီလိုလုပ်လည်းမနိုးဘူးဆိုတာ။geminiလည်းဘာမှဆက်မ​ပြော​နေ​တော့ပဲfourth​ကိုဖက်ထားရာမှကွာလိုက်ပြီးfourthရဲ့​ခေါင်း​အောက်ထဲရှိသူ့လက်ကိုမနိုးသွား​အောင်​ဖြေး​ဖြေး​လေးသာဂရုစိုက်၍ထုတ်လိုက်သည်။

ပြီးတာနဲ့fourthကိုအနမ်း​လေးတစ်ပွင့်​ပေးခဲ့ကာကုတင်​ပေါ်သို့ထထိုင်လိုက်သည်။​ရေချိုးခန်းစီသို့ဦး​ဆောင်ကာ၀င်လိုက်ပြီး၂၀မိနစ်​လောက်အကြာမှာတစ်ကိုယ်​ရေသန့်စင်ပြီးတာနဲ့ထွက်လာသည်။

သူထွက်လာသည့်အချိန်အထိfourthတစ်​ယောက်တုန်တုန်​တောင်မလှုပ်ပဲအိပ်​နေသည်။သူထတဲ့အချိန်​လောက်ကိုခန့်မှန်းရမယ်ဆိုရင်၈နာရီ​လောက်ရှိပြီ။

"အိပ်ပုတ်​လေးပဲ.."

​ပြောပြီးတာနဲ့အခန်းတံခါး​လေးကိုသာသာ​လေးပိတ်ပြီးfourthစားရန်သွားပြင်ဆင်သည်။ပုံမှန်အားဖြင့်fourthမနက်စာကိုgeminiကအများဆုံးလုပ်ဖြစ်သည်။အ​ကြောင်းမှာfourthကgeminiလုပ်​ပေးတာ​တွေကိုပဲစားတာ​ကြောင့်တခါတ​လေ​တော့geminiမအားတဲ့အချိန်ဆိုသူယုံကြည်ရတဲ့အ​ဒေါ်ကြီးစီမှာသာအပ်ခဲ့​လေ့ရှိသည်။
fourthကအဲ့​နေ့​တွေဆိုရင်မနက်စာကိုသိပ်မစားပါ။

fourthမနိုး​သေးတဲ့အချိန်​တွေမှာဆိုရင်သူ့ရဲ့The Golden eyes ဂိုဏ်းကြီးကိုဆက်သွယ်ကာလုပ်ရမည့်ကိစ္စများနှင့်နှိပ်စက်ထားတဲ့လူအများစုကိုလည်းလက်စ​ဖျောက်ရန်ညွှန်ကြား​လေ့ရှိသည်။

I am your daddy (not father)Where stories live. Discover now