Part-7

138 8 0
                                    

မနက်ရောက်တော့ ဂျေး ဂျောင်ဝန်းကိုဘယ်လိုဖွင့်ပြောရမလဲဆိုတာပဲ စဉ်းစားနေမိတယ် အိပ်ရာထထချင်းလည်း ဒါပဲ မျက်နှာသစ်လည်း ဒါပဲ
ထမင်းစားတော့လည်း ဒါပဲမို့ ဘေးကမေမေကတောင် သိတော့မယ်ထင်တယ်

"ဟဲ့ ငါ့သားရယ် ဘာတွေစဉ်းစားနေတာလဲ သားကိုကြည့်ရတာ ငူငူငိုင်ငိုင်နဲ့
စိတ်ညစ်စရာတွေ ရှိနေလို့လား"

"မဟုတ်ပါဘူး မေမေရယ် ဘာမှမဖြစ်ပါဘူး"

"အေးအေး ဒါဆိုလည်း ငေးမနေနဲ့ စားစား"

"ဟုတ်.."

ထမင်းစားပီးတော့ ထုံးစံအတိုင်း
ဂျေးလည်း ဂျောင်ဝန်းကို ဝင်ခေါ်ပြီး ကျောင်းသွားတယ်

ဂျေးကတော့ ဂျောင်ဝန်းကို အသဲယားပီး ခေါင်းပုတ်နေဦးမှာ အသေအချာပါပဲ

At School -

"ဟျောင်း သွားပီနော်"

"ဟုတ်ပီ ဝန်း"

အတန်းထဲရောက်တော့ ဂျိတ်နဲ့ဟီဆွန်းဟျောင်းကို တွေ့လိုက်ရတယ် ဟာ..ဒီဟျောင်း ဘာလာလုပ်တာလဲပေါ့
ဟီဆွန်း ဂျေးကိုတွေ့တော့ မျက်ခုံးပင့်ပြတော့ ဂျေးလည်း ခေါင်းခါမိလိုက်တယ်

"ဟာဂျေးရာ ဘယ်လိုလုပ်မှာတုန်း"

"မသိတော့ဘူး ဟျောင်းရာ ကျွန်တော်တော့ ဒီတစ်ပတ်ပိတ်ရက်ဖွင့်ပြောမှာပေမဲ့ ဘာအစီအစဉ်မှ မစဉ်းစားရသေးဘူး"

"ဂျေး.. ငါစဉ်းစားထားမိတာတော့ ရှိတယ်"

"ပြောလေ ဂျိတ်"

"မင်းဂီတာတီးတတ်တယ်မလား"

"အွန်း တီးတတ်တယ်"

"အ့ဆို ဒီတစ်ပတ်ပိတ်ရက်ကို ငါနဲ့ကိုကို
က နေရာစီစဉ်ပေးမယ် မင်းက အဆင်ပြေမဲ့သီချင်းတစ်ပုဒ်တီးပြီး ဖွင့်ပြောရင်ကော ဘယ်လိုလဲ"

"ဟျောင်းတို့က ဂျောင်ဝန်းကို ခေါ်ခဲ့ပေးမယ်လေ"

"ရတယ်လေဟျောင်း ကျေးဇူးပါနော်
ဂျိတ်ကောပဲကွာ"

"ရပါတယ် ဂျေးရဲ့"

"အတန်းတက်တော့မှာမို့ ဟျောင်းသွားပီနော် ဂျေး"

"ဘေဘီ ကိုကိုသွားပီနော် နေ့လည်ကြလာခေါ်မယ်"

"ဟုတ်ပီ ကိုကို ကောင်းကောင်းသွားနော် တာ့တာ"

'My Strawberry Boy' [ Jaywon ]Where stories live. Discover now