Part-8

133 8 0
                                    

ဂျေး ကျောင်းကိုရောက်တော့ အရင်ဆုံးပြေးရှာမိတာ ဟီဆွန်းဟျောင်းပဲ
ဟော တွေ့တော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ရည်းစားလေးနဲ့ ကြည်နူးနေလေရဲ့ ဟူး...အတွဲတွေများမပြောချင်ပါဘူး
ဂျောင်ဝန်းနဲ့ရည်းစားဖြစ်ရင် သူတို့ထက်ပိုဆိုးပြမယ်!! လောလောဆယ်တော့ ဟီဆွန်းဟျောင်းစီကို သွားလိုက်ပါဦးမယ်

"ဟီဆွန်းဟျောင်း!!"

"အော် ဂျေး လာလေ"

"ပြောစရာရှိလို့ဟျောင်း"

"ဟိုကိစ္စမလားဂျေး ပြောသာပြော
ဟျောင်းတို့ကူညီပေးမယ်"

ဟီဆွန်းက ထိုသို့ပြောတော့ ဘေးနားက ဂျိတ်‌‌ေလးကလည်း ခေါင်းလေး
ညိမ့်ပီး ထောက်ခံလေရဲ့

ဒီလိုနဲ့ ဂျေးလည်း အစီအစဉ်တွေကို အကုန်ပြောပြလိုက်တော့တယ်

At lunch time>>>

သူတို့ဝိုင်းစီကို နောက်ဆုံးမှရောက်လာတဲ့ ဟီဆွန်းဟျောင်းက
"ဒီနေ့တော့ အကုန်ဆုံတာပဲ ဟျောင်းပဲ
နောက်ကျတာ ဟားဟား ဆောရီးပါကွာ"
လို့ပြောလေရဲ့

"မဟုတ်တာ ကိုကိုရဲ့ ဘေဘီတို့က ရပါတယ်"

"ဟုတ်တယ်ဟျောင်း ဂျိတ်ပြောမှန်တယ် ကျွန်တော်တို့က အဆင်ပြေတယ်"

"ဟားဟား ဟုတ်ပါပီ ဂျေးရယ်"

"အော် ဒါနဲ့အားလုံး ဒီတစ်ပတ်ပိတ်ရက် မှာ Blue Light Cafeကို လာခဲ့ကြပါလား ‌အရင်တစ်ခေါက်က ကစားကွင်းသွားလည်ပီးပီပေမဲ့ ခုcafeကကျတော့ အသစ်ဖွင့်ထားတာမို့လေ ဟျောင်းတို့နဲ့နီးတယ် ဟျောင်းက တစ်ခါမှမသွားရသေးဘူးမို့လေ ဘယ်လိုလဲ အားလုံး?"

ဟီဆွန်း ပြောပီးပီးချင်း ဂျေးကိုလှမ်းကြည့်လေရဲ့

"ဟုတ်ရတယ်လေ ဟီဆွန်းဟျောင်း"

ဂျေးကရပေမယ့် ဂျောင်ဝန်းကကော လိုက်ပါ့မလားမသိ မေးကြည့်ရမယ်

"ဝန်းလေး လိုက်မယ်မလား"

"ဟုတ် လိုက်မှာဂျေးဟျောင်း ဒါပေမဲ့
ကျွန်တော်အဲ့ကဖေးကို မသိဘူးဖြစ်နေလို့ အဲ့တာ ဟျောင်းက ကျွန်တော့ကို လာခေါ်ပေးလို့ရလားဟင်"

ဂျောင်ဝန်းက အရည်ရွှဲနေတဲ့မျက်လုံးဝိုင်းကြီးနဲ့အတူ ချွဲတဲ့အသံနဲ့ ပြောလိုက်တော့ အင်းပေါ့ ဂျေးဘယ်နေနိုင်မလဲ တစ်ခါတည်း ရတာပေါ့ ဝန်းလေးရဲ့ ဆိုပီး ပြောလိုက်တယ်

'My Strawberry Boy' [ Jaywon ]Where stories live. Discover now