အပိုင်း(၃၉)

282 4 0
                                    

"ဟိုင်း...broသေကံမရောက်အသက်
မပျောက်လို့ဂုဏ်ယူပါတယ်"

'နေမင်းသာ'ကသူရှိရာအခန်းထဲဝင်လာပြီးလက်ညှိုးနဲ့လက်ခလယ်ကိုနဖူးပေါ်တင်ကာဆလံသသလိုလုပ်လာတော့'ရေး'မမြင်ဟန်နဲ့မထီမဲ့မြင်ပြုနေလိုက်သည်။

"အစ်ကိုကြီးကကိုယ့်ညီလေးတစ်ယောက်လုံး
လာတာကိုမကြိုတဲ့အပြင်မမြင်ချင်ယောင်
ပါဆောင်နေတယ်ပေါ့"

"ဒီမှာမင့်ကိုဘယ်သူမှမကြိုဆိုဘူး
ပြန်လိုက်တော့"

"ကျွန်တော့်အတွက်ကြိုမဲ့သူမလိုဘူး
တွေ့ချင်နေတဲ့သူရှိဖို့ဘဲလိုတယ်"

မခို့မခန့်ပုံစံနဲ့'နေမင်းသာ'ကဆိုဖာပေါ်တွင်ထိုင်
နေသော'တစ်နေ့တာ'ကိုမျက်စပစ်ရင်းဆိုလာ
တော့'ရေး'ရဲ့မျက်နှာကတင်းခနဲဖြစ်သွားသည်။

'တစ်နေ့တာ'ရှိရာဆိုဖာနားကို
ခြေလှမ်းလှမ်းနေသော'နေမင်းသာ'ရဲ့
ခေါင်းပေါ်ရှိနီကြောင်ကြောင်ဆံပင်
များသည်ဘုတ်သိုတ်နဲ့စုတ်ဖွာနေပြီး
အိပ်ယာမှထလာသောလူတစ်ယောက်
လိုဖြစ်နေသည်။

'နေမင်းသာ'ကလက်ဝါးအချင်းချင်းကို
ပွတ်ကာဆိုဖာရဲ့နောက်မှီပေါ်ခေါင်းတင်လိုက်ပြီး​'တစ်နေ့တာ'ရဲ့ဘေးချင်းကပ်လျက်တွင်
စန့်စန့်ကြီးဝင်ထိုင်လိုက်သည်။ထို့နောက်'တစ်နေ့တာ'ကိုစောင်းငဲ့ကြည့်ပြီး
စကားစလာသည်။

"မတွေ့ဖြစ်တာကြာပြီနော်"

"..."

"ဟိုတစ်နေ့ကကိစ္စကိုတောင်းပန်ချင်လို့
ဆိုင်မှာလာရှာတာနေ့တိုင်းနီးပါးဘဲတွေ့
ချင်တဲ့သူနဲ့တော့မတွေ့ဘဲဟိုစွာတေးလန်လူ
ဂွစားလေးနဲ့ဘဲတိုးတိုးနေတာသူနဲ့တွေ့တိုင်း
ရန်ဖြစ်ပြီးနေ့တိုင်းပြန်ရတာဘဲ"

​"အဟမ်း"

ပြင်တင်းပေါက်နားကလိုက်ကာစကိုဖယ်သလိုတံ
ခါးကိုဘဲပိတ်သလိုနဲ့လုပ်နေသော'လူစေ'ထံမှချောင်း
ဟမ့်သံကြောင့်မျက်လုံးခြောက်လုံးက'လူစေ'ထံ
ကျရောက်သွားရသည်။

'လူစေ'ကတံခါးမကြီးကိုမော့ငေါ့ပြီးပြလာတာကြောင့်'တစ်နေ့တာ'နောက်လှည့်ကြည့်မိတော့လက်တစ်ဖက်ကဂျိုင့်ကိုဆွဲထားပြီးနောက်တစ်ဖက်ကတံခါးရွက်ကိုင်ကာ'နေမင်းသာ'ကိုမကြည်ကြည့်နဲ့ရပ်ကြည့်နေသော'ဂျေး'ကိုတွေ့လိုက်ရသည်။

တစ်ခုတည်းသော  (completed)Where stories live. Discover now