Part 1

8.2K 191 17
                                    

Part 1

  ဝမ်ရိပေါ် သူဌေးခေါ်တာကြောင့်
အခန်းထဲဝင်လာလိုက်တော့
အရှိန်အဝါကြီးမားပြီး မျက်စိကျိမ်းလောက်အောင်လှတဲ့လူတစ်ယောက်ကို မှင်တက်စွာကြည့်နေမိသည်။

"  မင်းက အိမ်ခေါ်ရင်လိုက်တယ်ဆို "

  လူကလှသလောက် ပါးစပ်ကဆိုးဝါးလိုက်တာ

" ဗျာ မလိုက်ပါဘူး "

" သူဌေး ခင်ဗျားလူကဘယ်လိုလဲ "

  ရှောင်ကျန့်ဆိုလိုက်တော့ သူဌေးယူဘင်းကပြုံးပြီး

" တမျိုးမထင်ပါနဲ့ ရိပေါ် ကျန့်သခင်ကြီးက
သူ့ညီအတွက် မင်းကိုလိုအပ်လို့ပါ "

" ဗျာ ကျွန်တော်နားမလည်ဘူး "

" ကိုယ်တို့ဖွင့်ထားတာမာဆက်က
အပြင်လိုက်မနှိပ်ဘူးဆိုပေမဲ့
ကျန့်သခင်လေးက ဝမ်ရိပေါ်ကိုလစာနဲ့
သူ့အိမ်ကိုလာနှိပ်စေချင်တာပါ "

" နေတိုင်းနေ့နှိပ်ပေးရမှာလား "

" တပတ်၃ရက်လောက်ပါပဲ "

" ဟုတ်ကဲ့ ကောင်းပါပြီ "

    သူဌေးခွင့်ပြုချက်ကြောင့်
ဝမ်ရိပေါ် ခမ်းနားလှသော
အိမ်ကြီးကိုရောက်လာခဲ့သည်။

" ကျွန်တော်နောက်လိုက်ခဲ့ပါ "

   အိမ်တော်ထိန်းမင်က အပေါ်ထပ်သို့ခေါ်သွားပြီး
အခန်းတခန်းအရောက် တံခါးခေါက်သည်။

"   ဝင်လာခဲ့ပါ "

  ရိပေါ်ဝင်လိုက်တော့ ရှောင်ကျန့်က ကုတင်ပေါ်က
လူတစ်ယောက်လက်ကိုကိုင်ထားရင်း ပြုံးပြသည်။

" ညီကိုနှိပ်ပေးမှာသူလေ "

" ကျွန်တော်နေကောင်းပါတယ်ဆို "

" အစ်ကိုစကားနားထောင်ပါ ကလေးရဲ့ "

ရင်းဟန် ခေါင်းညိတ်လိုက်ပြီး လှဲလိုက်သည်။
ကုတင်ပေါ်မှာ ကျန်းမာရေးဖျာယာခင်းထားတဲ့အတွက်အထွေအထူးပြင်ဆင်စရာမလိုပဲ
ရိပေါ်  သခင်လေး​ကိုယ်ပေါ်လိမ်းဆေးလိမ်းပေးကာ နှိပ်ဖို့စတင်လိုက်သည်။

" ဖြေးဖြေးထိနော် "

  သခင်ကြီးက အခန်းထဲကမထွက်ပဲ
ထိုင်ကြည့်ကာ အမိန့်ပေးနေသည်။

ချစ်သော BabyWhere stories live. Discover now