Extra Part 2

985 81 4
                                    

Extra Part 2

" ပါပါး "

" ကလေး "

" ပါပါး! "

" ကလေး! "

" ဟာ! "

" ဟာ! "

   တင်းနီဆိုဖာပေါ်မှာ တမင်ခွေထိုင်ကာ
သူကိုယ်ပေါ်သားကိုတက်ခွထိုင်စေကာ
သင်ပေးနေသည်။

" ပါပါးလို့ခေါ်ပါဆို "

" ကလေး "

" ရှင်းနီ! "

" ကလေး!  "

    တင်းနီသားကိုကလိထိုးကာ

" ပါပါးလို့ခေါ်! "

" ဟီးဟီး ကလေးရပ်တော့
သားသားယားတယ်...ဟားဟား"

သားလေးတခစ်ခစ်ရယ်ကာဆိုသည်။
ထိုဖြစ်စဥ်ကို ဝမ်ရိပေါ်ကြည့်နေရင်းပြုံးမိသည်။

" ပါပါးလို့ခေါ်မှရပ်ပေးမယ် "

" ဟားဟား ကလေး...ဟားဟား "

   ဝမ်ရိပေါ်ရပ်မကြည့်နိုင်တော့ပဲ
အနားရောက်လာကာ

" သားလေးကိုအရမ်းမလုပ်ပါနဲ့ ငယ်လေးရဲ့ "

တင်းနီကလိထိုးတာကနေရပ်လိုက်သည်။

" ပါပါး "

  တင်းနီသူကိုခေါ်တယ်ထင်ပြီး ပြုံးလိုက်ပေမဲ့
သားလေးက ကိုကိုလေးကိုယ်ပေါ်တက်ကာ
ခေါ်နေခြင်းဖြစ်သည်။

" ​​ဗျာဗျာ! "

ကိုကိုပြန်ထူးသံကြောင့် သားလေး
တခစ်ခစ်ရယ်နေသည်။

" ကိုကို "

" ဟမ် ပြောလေ ငယ်လေး "

" သားလေးကိုဆေးခန်းပြရအောင် "

" သား​လေးဘာဖြစ်လို့လဲ
နေမကောင်းဘူးလား မှန်းစမ်း! "

  ရိပေါ် သားလေးနဖူးကိုစမ်းလိုက်သည်။

" သားကနေကောင်းပါတယ်
ကျွန်တော်ကို ကလေးလို့ခေါ်လို့
ဆေးခန်းပြချင်တာ "

    ရိပေါ်ရယ်မိသည်။ ဟန်နဲ့ရှောင်းကျန့် မုန့်တွေယူလာကာအနားမှာလာထိုင်သည်။
ဒီနေ့စနေနေ့ မိသားစုကို
အချိန်ပေးရတဲ့နေ့ဟု သတ်မှတ်ထားတာကြောင့်
တစ်ယောက်မှအလုပ်မလုပ်ရပေ။

ချစ်သော BabyWhere stories live. Discover now