part _23🚨

3.5K 165 9
                                    

[Unicode]
" ဂျယ်ဆော့...... သေချာရှင်းပြပါလား နားကိုမလည်တော့ဘူး....."

" ဒီလိုအကိုလေးရဲ့

ဒီရေကန်ထဲမှာ စုံတွဲတစ်တွဲ ခုန်ချသေဆုံးသွားတာလေ ထူးဆန်းတာကကောင်လေးတွေအတွဲ

ပတ်ဝန်းကျင်ကလိင်တူလက်မခံကြလို့

သူတို့တွေစောင့်ရှောက်တယ်လို့ပြောကြတာဘဲ ကျွန်တော်တို့‌ဘိုးဘေးတွေခေတ်ကတည်းကလေ

အဲ့တံတားကသူတို့သေဆုံးပြီးကတည်းကဖျက်လိုက်တာ

စုံတွဲတွေလာတိုင်း တံတားမပေါ်ဘူးနော် ချစ်ခြင်းမေတ္တာမှန်ကန်မှ တံတားကပေါ်လာတာ အကိုတို့ကသုံးကြိမ်မြောက်ဘဲ......."

" အင်း ငါတိုကစစ်မှန်လို့ပေါ့ ဟုတ်တယ်မလား......? "

" ဒါပေါ့ အမုန်းတွေရှိရင်လည်း အဲ့အတိုင်းဘဲတဲ့နော် သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ထပ်တူဖြစ်တာတဲ့ဗျာ

ဟိုတစ်ခါစုံတွဲတစ်တွဲ‌ဆို ရောက်လာတုန်းကအရမ်းချစ်ကြသလိုနဲ့ နောက်နေ့မနက်ကြ သူ့ကောင်လေးလက်ကို ခုတ်ဖြတ်ထားတာလေ လက်တစ်ဖက်ဆို ပြတ်ထွက်သွားတာအစတောင်ရှာမရဘူး........"

" အမလေး သူ့ကောင်မလေးက အရမ်းမုန်းနေတာထင်တယ်....."

" ဒီကန်က နတ်ကြီးတယ်မရဘူး

ဖုံးကွယ်ထားတဲ့ အမှောင်စိတ်ကိုအောက်စီဂျင်လိုဘဲ မြောက်ပင့်ပေးတာ

အချစ်ကြီးရင် ကြီးသလို အမုန်းကြီးရင်လည်းကြီးသလိုဘဲ......"

" ငါတို့ညက......ဟိုဟာလုပ်....."

" သိတာပေါ့......အကို့ဘဲကြီးကမရမ်းချစ်တက်တာသိသာချက်.....

ဒါနဲ့ညက ဘယ်သူပိုဖြစ်နေတာလဲ......"

" ငါလေ......."

" မထင်ရဘူးနော် အေးစက်မဲ့ပုံကြီးနဲ့ အကိုလေးက ပိုချစ်နေမယ်လို့......"

" ငါလည်းငါ့ကိုငါတောင်မယုံဘူး....."

Jmတို့စကားပြောကောင်းနေတုန်း ကလေးတစ်သိုက်နဲ့ပြန်လာပါပြီ......

" အချစ်......သားသားကပြောနေတယ်

ဘောလုံးကန်ကြမယ်တဲ့ လာ....."

ပြင်းရှရှ🔞🚨{Complete}Where stories live. Discover now