part _29 🚨

3.9K 200 16
                                    

[Unicode]
Jmဆေးရုံဝန်းထဲရောက်တော့ အတော်အားပျက်နေပြီ jkပွေ့ချီကာ ဆေးရုံထဲခေါ်လာတယ်

" ဆရာ..... တစ်ချက်ကြည့်ပေးပါ

အန်နေလို့......အရမ်းများနေပြီ...."

ဆရာဝန်က jmကိုတစ်ချက်ကြည့်လိုက်ပြီး အခန်းတစ်ခုစီစဉ်ပေး‌လိုက်တယ်

သူနာပြုမလေးတွေ ခနကြာတော့ ဆေးလာချိတ်ပြီး ဆရာဝန်ကိုယ်တိုင်ရောက်လာတယ်......

" လူနာကအားပျက်သွားတာပါ စိုးရိမ်စရာမရှိပါဘူး......"

" ဆရာ လူနာရဲ့သွေးပေါင်ချိန်က မမှန်ဘူးဖြစ်နေတယ် နှလုံးခုန်ရောဘဲ....."

"ပေး ထပ်တိုင်းကြည့်လိုက်မယ်....."

ဆရာဝန်က jmလက်ကိုစုပ်ကိုင်လိုက်တဲ့အချိန် တစ်ခုခုကိုသတိထားမိသွားတယ်.......

" သူ့ကိုစစ်ဆေးဖို့လိုတယ်.....

ပြင်ဆင်ထားကြ...... "

ဆရာဝန်တွေနဲ့ သူနာပြုတွေက jmကုတင်ကို‌တွန်းကာ စစ်ဆေးဖို့ခေါ်သွားကြပြီ.......

တစ်နာရီလောက်ကြာပြီးတဲ့အခါ
Jmနဲ့ ဆရာဝန်ဘဲ‌ပြန်ရောက်လာကြတယ်......

" အခုအဆင်ပြေသွားပါပြီ

အိမ်ကိုပြန်တာအကောင်းဆုံးလို့ဘဲထင်တယ်

အိမ်ကပိုအဆင်ပြေလိမ့်မယ်......"

တာဝန်ကျဆရာဝန်က ဂျုတီကနေထွက်ကာ သူတို့အိမ်ကိုပါလာခဲ့တယ်

Jmက ဆေးအရှိန်ကြောင့်အိပ်ပျော်နေတော့ ဆရာဝန်ကဘဲ ကားမောင်းပြီးလိုက်ပို့ခဲ့တယ်.......

Jmကို ကုတင်ပေါ်မှာ နေရာသေချာချပေးပြီးမှ ဆရာဝန်နဲ့ jkစကားပြောနေကြတယ်........

" ဆေးစစ်ချက်အဖြေက ပုံမှန်မဟုတ်လို့ အိမ်ပြန်ခေါ်လာရတာ

စိတ်ကိုအေးအေးထားပါ

ထမအော်နဲ့နော်......"

" ရောဂါရှိနေတာလားဟင်......

အရမ်းမဆိုးဘူးမလား......ဟုတ်မလား မဆိုးဘူးလို့ပြောနော်....."

" ကိုယ်ဝန်ရှိနေတာ..........!! "

" ဗျာ........?!! "

" တိုးတိုးပြော.......

ဟုတ်တယ် သူ့မှာ ကိုယ်ဝန်ရှိနေတာ......နှစ်လကျော်နေပြီနော်......"

ပြင်းရှရှ🔞🚨{Complete}Where stories live. Discover now