_ 10💭_

185 24 0
                                    

ထိုနေ့က cafeတွင် wonwooတို့ ဖွင့်ကြည့်လိုက်သည့်ဖိုင်မှာ အဖွဲ့မှူးမှားပို့မိတာဖြစ်ကြောင်း the8 နှင့် jeonghanမသိလိုက်ခင်မှာ အဖွဲ့မှူးမှ အချိန်မှီဖုန်းဆက်လာတာမို့ စိတ်အေးသွားခဲ့ကြရသော်လည်း ထိုစိတ်အေးမှုကခနတာအတွက်သာ။ ထိုပရောဂျက်သည် လတ်တလောအစီအစဉ်များတွင် မပါသော်လည်း နောက်လထဲ စတင်စီစဉ်ရမည်ဖြစ်ကြောင်းပါ တစ်ပါတည်းပြောလာတာမို့ လာမည့် နောက်တစ်လအတွက်ကို အခုတည်းကကြို၍စိုးထိတ်နေရသည်။

"wonwooရေ ငါတို့တော့ဘယ်လိုလုပ်ရပါ့"

"မတက်နိုင်ဘူးလေ လုပ်ဆိုတော့လည်း လုပ်ရုံပေါ့ NabiLandက ငါတို့ပိုင်တာမှမဟုတ်တာ"

စားပွဲပေါ်တွင် မေးထောက်ကာ apple juiceကိုမသောက်ပွဲမွှေနှောက်ရင်း စိတ်ဓာတ်အလုံးလျားကျနေသည့် လေသံ၊မျက်နှာတို့နှင့် နှစ်ယောက်သားအချင်းချင်းပြောရင်း ထိုင်ညည်းနေကြသည်မှာ သူတို့၏သက်ပြင်းချသံတို့ကြောင့် ဒေါ်လေး၏ဆိုင် ပြိုသွားမှာတောင်စိုးရသည်။ဒေါ်လေးလည်း သူတို့နှစ်ယောက်ကိုစိတ်ပျက်လက်ပျက်ကြည့်ရင်းသာ ခေါင်းခါမိလေသည်။

"သူတို့အမြဲ အဲ့လိုပုံစံပဲဖြစ်နေမယ်လို့ မင်းထင်လား"

soonyoung၏အမေးကို စဉ်းတောင်မစဉ်းစားမိ။

"မသိဘူးလေ အဲ့နေ့ကမှအတူတွေ့ဖူးတာမဟုတ်လား"

"အင်း ငါကတော့အမြဲအဲ့လိုပဲလို့ထင်တာပဲ။ ပြီးတော့ သူတို့ကြည့်ရတာရန်သူတွေလိုလည်းမဟုတ်ဘူး အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေအတိုင်းပဲ"

soonyoungပြောတာ ဟုတ်သည် wonwooလည်းသတိထားမိသည်။ သူတို့တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ကြည့်မရဘူးပြောပါစေ ဘယ်သူကြည့်ကြည့် သူတို့ရင်းနှီးကြတာက သိသာသည်။

"မင်းပြောတာဟုတ်တယ် မရင်းနှီးတဲ့သူတွေသာဆို အဲ့လိုကလေးတွေရန်ဖြစ်တဲ့အတိုင်းဖြစ်နေမယ့်အစား ဆွဲထိုးကုန်မှာပေါ့"

"yungelic nimကိုမမေးကြည့်ဘူးလား"

soonyoung၏အမေးကို ခေါင်းခါလိုက်ကာ

"အဲ့နေ့ပြီးတည်းကမတွေ့ရသေးဘူး ဟျောင်းရောငါရောအလုပ်များနေတာနဲ့"

Head Over Heels in Love with YOU Where stories live. Discover now