Chapter 26

1.9K 321 8
                                    

Unicode

          
ကုယွမ်းထင်၏ အကြည့်တို့က မှောင်မဲနေသော ပြတင်းပေါက် အပြင်ဘက်ထံ၌ ရည်ရွယ်ချက်မဲ့ ကျရောက်နေသည်။ သူ လက်ကို ထပ်မံမြှောက်ကာ သောက်လိုက်ချိန်မှာမူ ခွက်ထဲ၌ အရက်မရှိလေပြီ။ မသိလိုက်စွာပင် အကုန်သောက်မိသွားပြီ ဖြစ်၏။

သူ ရှန်ပိန်ဖန်ခွက်အလွတ်ကို ဘေးနားရှိပြတင်းပေါက်ဘောင်ပေါ် တင်ထားလိုက်သည်။မတ်တပ်ထရပ်လိုက်ချိန် ဖန်ခွက်ကို တိုက်မိသွား၏။ရှန်ပိန်ခွက်က ကလွမ်ခနဲ မြည်ကာ ပြတင်းပေါက်ဘောင်ပေါ်ကနေ ပြုတ်ကျလာပြီး အခန်းထဲရှိ ထူထဲကာ အသံလုံသော ပါရှန်းကော်ဇော်ပေါ်သို့ တိတ်ဆိတ်စွာ ပြုတ်ကျလာကာ မှောင်မဲပြီး ဘာမျှမရှိသော အခန်းထဲသို့ ဖြည်းညင်းစွာ လိမ့်ဝင်သွားပြီးမှ ရပ်တန့်သွားလေသည်။

 ကုယွမ်းထင်သည် ကော်ဇောပေါ်ကျနေသော ရှန်ပိန်ဖန်ခွက်အား တစ်ချက်ကြည့်လိုက်ကာ အာရုံမထားဘဲ လျစ်လျူရှုကာဖြတ်သွားလိုက်၏။

သူ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်သည်။နောက်,အခန်းထဲပြန်ဝင်ကာ အခန်းတွင်းရှိမီးကိုဖွင့်လိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရုတ်ခြည်းဆိုသလို "ကလစ်" ဟူသော အသံထွက်လာပေါ်လေသည်။

 အခန်းထဲ၌ တစ်မဟုတ်ချင်း ထိန်လင်းသွားသည်။ဖြာထွက်လာသောအလင်းရောင်ဟာ အမှောင်နှင့်ကျင့်သားရနေသောသူ့မျက်လုံးများကို စူးကျိန်းသွားစေသည်။

 နေ့ခင်းအလင်းအလား ထိန်လင်းနေသောမီးရောင်အောက်မှာ အခန်းဟာ အလွန်ကြီးမားလှပေ၏။

အခန်းထဲမှာတော့ တခြားမည်သူမျှ ရှိမနေခဲ့ပါချေ။

ကုယွမ်းထင်၏လက်က မီးခလုတ်ပေါ်၌တင်ထားဆဲဖြစ်ကာ သူလက်ညိုးက တုန်ယင်သွားရင်း မီးပြန်ပိတ်လိုက်တော့သည်။

မနက်ဖြန်၌ လုပ်ရမည့်ကိစ္စများစွာရှိ၏။လူအများကြီးနှင့်လည်း တွေ့ရဦးမည်။ ​ကိစ္စအများကြီးကိုလည်း ကိုင်တွယ်ရဦးမည်။ဖြေရှင်းရမည့် ပြဿနာအများကြီးလည်း ရှိသည်။ ဖြေရှင်းရမည့် အကျပ်အတည်းအများကြီးလည်း ရှိပေသေး၏။တိုတိုပြောရလျှင်ဖြင့် မနက်ဖြန်ဟာ သည်နေ့ထက် အလုပ်များမည်ပဲ ဖြစ်လေသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now