Ep-4

64 4 0
                                    


"ဘာလို့အဲ့လိုမေးရတာလဲ?"
Komချက်ချင်းပဲပြန်မေးလိုက်တယ်

"Baiboonကယောက်ျားလေးချစ်သူရှိတာနဲ့မိန်းကလေးချစ်သူရှိတာကတူတူပဲဆိုတာလားလို့သိချင်လို့ပါ"

"P'ကယောကျ်ားလေးချစ်သူတစ်ခါမှမထားဖူးဘူး..အဲ့ဒါကြောင့်အကိုလည်းသူတို့အတူတူပဲလားမတူဘူးလားဆိုတာကိုမသိဘူး"
Komကပြန်ဖြေလိုက်တယ်

"အဲ့ဒါဆိုကမိန်းကလေးချစ်သူတော့ထားဖူးတယ်လို့ဆိုလိုချင်တာမလားဟင်"
Baiboonကထပ်မေးလိုက်တော့ Komလည်းသူ့မျက်နှာသူလက်နဲ့ပွတ်လိုက်မိတယ်
ဘာလို့လဲဆိုတော့Baiboonကိုအဲ့အကြောင်းတွေဘယ်လိုရှင်းပြရမလဲဆိုတာကိုသူမသိပါ...

"P'တစ်ခါမှချစ်သူမထားဖူးဘူး..ယောကျ်ားလေးကော..မိန်းကလေးကောပဲ..အကို့လိုလူမျိုးကိုဘယ်သူကစိတ်ဝင်စားကြမှာလဲ?"

"ဘာလို့တစ်ယောက်မှမရှိရတာလဲ? Baiboonကတော့ P'ကအရမ်း‌ကောင်းတဲ့လူတစ်ယောက်လို့မြင်တယ်..ပြီးတော့လူကောင်လည်းကြီးပြီးသန်လည်းသန်မာတယ်လေ"
BaiboonကKomကျေနပ်အောင်ပြောနေတာမဟုတ်ပဲ သူတကယ်ခံစားမိတာကိုပြောနေတာပဲဖြစ်တယ်

Komကကောင်ငယ်လေးကိုအပြုံးခပ်ကြီးကြီးပြုံးပြီး စိုက်ကြည့်နေလိုက်တယ်
အခုကောင်လေးပြောနေတာတွေကရူးကြောင်ကြောင်နိုင်တဲ့မှတ်ချက်တွေဖြစ်ဖြစ်ပွင့်လင်းတဲ့မေးခွန်းတွေပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ကို Komခံစားနေရတာတွေသက်သာလာစေတယ်

"လူကောင်ကြီးတဲ့လူတွေကိုသဘောကျတာလား?"
Komကစနောက်ပြီးမေးလိုက်တယ်

"ဟုတ်"
Baiboonကပြုံးပြီးချက်ချင်းပြန်ဖြေလိုက်တော့ Komရဲ့နှလုံးခုန်သံတွေကတဖြည်းဖြည်းမြန်ဆန်လာတယ်

"လူကောင်ကြီးတဲ့သူတွေကိုသဘောကျတာဘာလို့လဲဆိုတော့ သူတို့က သူတို့ကိုယ်သူတို့ကောင်းကောင်းကာကွယ်နိုင်တယ်လေ..Baiboonလိုမျိုးလူကောင်သေးတဲ့သူတွေကျတော့ ဘယ်သူနဲ့မှမတိုက်ခိုက်နိုင်ဘူး"
Baiboonရဲ့အသံလေးကတဖြည်းဖြည်းတိုးသွားတယ်
Baiboonရဲ့ရှင်းပြချက်ကိုကြားပြီး Komစိတ်အေးသွားသလိုမျိုးသက်ပြင်းချမိသလို တစ်ချိန်ထဲမှာပဲသူထူးဆန်းစွာတဲ့ဝမ်းနည်းမိပြန်တယ်

Unforgotten Night [KomBaiboon]Where stories live. Discover now