Ep-8

49 5 0
                                    


"Baiboonဘာလုပ်တာလဲ?"
Komကလန့်ပြီးမေးလိုက်မိသည်
Baiboonရဲ့သေးသွယ်လှတဲ့လက်ချောင်းလေးတွေနဲ့ သူ့ရှပ်အင်္ကျီကြယ်သီးကိုတပ်ပေးနေမိတာမြင်ပြီး သူ့နှလုံးသားကရူးမတက်ခုန်လာခဲ့သည်

"အကို့ကိုကြယ်သီးတပ်ပေးနေတာလေ,P'" Baiboonကပြောပြီး Komရဲ့ရှပ်အင်္ကျီကကြယ်သီးတွေအကုန်လုံးကိုသေသေချာချာတပ်ပေးလိုက်သည်။
သူတပ်လို့ပြီးတာနဲ့ကောင်ငယ်လေးကပြုံးလိုက်ပြိး သူ့ကိုတိတ်တဆိတ်နဲ့ပဲစိုက်ကြည့်နေတဲ့ Komကိုကြည့်လိုက်သည်။
Baiboonက Komကိုသေချာကြည့်ဖို့အတွက် ခေါင်းကိုငုံ့လိုက်တော့ Komလည်းအံ့သြသွားတော့သည်။

"ဘာဖြစ်လို့လဲ,P'Kom"
ကောင်ငယ်လေးကမေးလိုက်သည်။
အခုတော့Komရဲ့ရှပ်အင်္ကျီကြယ်သီးတွေကိုတပ်ပြီးနောက်မှာတော့ သူ့ခံစားချက်တွေပိုကေင်းလာတော့တယ်လေ။

"ဘာမှမဟုတ်ပါဘူး ဟင်း.. ကြယ်သီးတပ်ပေးလို့ကျေးဇူးပဲနော် ရေခဲမုန့်ကိုကုန်အောင်ဆက်စားတော့လေ အရည်ပျော်ကုန်တော့မယ်"

Baiboonရဲ့သူငယ်ချင်းတွေကသူတို့ကိုစပ်စုနေကြတာကိုသတိထားမိတာနဲ့ Komလည်းချက်ချင်းပဲသတိပြန်ကပ်သွားတော့သည်။
သူကဘာမှမဖြစ်တဲ့အတိုင်းပြန်ပြင်လိုက်ပြီးတော့ ထိုင်နေလိုက်သည်။
Baiboonကတော့ ဘာမှမဖြစ်သလိုမျိုးတွေးနေပြီးရေခဲမုန့်ကိုသာဆက်စားနေတော့သည် ။

"ရေခဲမုန့်အတွက်ကျေးဇူးတင်ပါတယ်,P'Kom"
သူတို့တွေရေခဲမုန့်ဆိုင်ရှေ့ကိုထွက်လာတဲ့အချိန် Waewကပြောလိုက်တာနဲ့ အကုန်လုံးကKomကိုကျေးဇူးတင်စကားပြောကြပြီး အရိုအသေပြုလိုက်ကြသည်။

"ကိစ္စမရှိပါဘူး"
Komကတည်ငြိမ်စွာနဲ့ပြန်ဖြေလိုက်ပြီးတော့ သူ့ဘေးမှာရပ်နေတဲ့Baiboonကိုလှည့်ကြည့်လိုက်သည်။

"Baiboon, P'ကိုဒီမှာခနစောင့်နေပေးနော် အကိုကားသွားယူလိုက်ဦးမယ်"
KomကBaiboonကိုပြောလိုက်တော့ Baiboonကနည်းနည်းတွန့်ဆုတ်သွားပုံပေါ်သည်။

"ငါတို့တွေနင့်ကိုကူပြီးစောင့်ပေးမယ်လေ"
Saliပြောလိုက်တော့မှပဲ Baiboonကလက်ခံလိုက်တဲ့ပုံပေါ်လာတော့သည်။

Unforgotten Night [KomBaiboon]Where stories live. Discover now