Episode (1)

573 34 2
                                    


• Unicode •


အခန်းတံခါးခေါက်သံက ဆူဆူညံညံမို့ ရှုပ်ပွနေတဲ့စောင်အလုံးအထွေးကြားထဲကနေ ဖြူစွတ်စွတ် ဆယ်ကျော်သက်လေး ရှုပ်မဲ့မဲ့နဲ့ ထထိုင်လာတယ်။ ထူထဲနက်မှောင်နေတဲ့ မျက်နှာပေါ်အုပ်လုမတပ်ဆံပင်တွေကိုသပ်တင်ပစ်လိုက်တော့ မျက်ခုံးနက်နက်သည်လည်း ထိလုမတတ်ကြုတ်ထားတာကိုမြင်ရတယ်။

" ဘန်ဂျမင်! အခုထတော့! "

အပြင်က နာမည်ခေါ်သံပါကြားရတဲ့အခါမှာတော့ အမေ ဖြစ်သူမှန်း သိတာနဲ့ ကုတင်ပေါ်က နောက်တစ်ယောက်ကို သူ စောင်တွေအထပ်ထပ်အုပ်ဖုံးလိုက်တယ်။ ဆံပင်ရွှေအိုရောင်နဲ့ရွယ်တူကောင်မလေးက နှိုးနေပေမယ့်လည်း စောင်တွေနဲ့ရောထွေးဖိအုပ်ခြင်းခံလိုက်ရတယ်။

ကုတင်ပေါ်ကပြေးဆင်းရင်း တံခါးကိုအနည်းငယ်ဖွင့်လိုက်တော့ မိခင်မျက်နှာကိုမြင်ရတဲ့အခါ သူ တိုးချွဲရင်း ပါးကိုလည်းခပ်သာသာမွှေးတယ်။ ဒီလိုပါပဲ .. ဘန်ဂျမင်ပတ် က လူကြီးတွေရှေ့မှာတော့ ကလေးသာသာ အချွဲတုန်းလေး။

" ဒီနေ့ သားဦးလေးရဲ့သူငယ်ချင်းလာမှာကို သိပြီးသားနော် အပြင်တွေမသွားဘဲ လူစုံဖို့လိုတာမို့ ပြင်ဆင်ထားတော့ "

ခွေးပေါက်လေးတစ်ကောင်လို နာနာခံခံခေါင်းတညိမ့်ညိမ့် လုပ်ပြရင်း မိခင်ဖြစ်သူက မသွားခင် ဆံပင်ကိုအသာသပ်ပေးသွားတယ်။ အခန်းတံခါးပိတ်ချလိုက်သည့်တဲ့နောက်မှာတော့ ပြုံးလွန်းလို့မှေးတက်သွားတဲ့ မျက်လုံးတွေအစ ချက်ချင်း ပြောင်းလဲလို့ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ မနာခံတတ်တဲ့ဆယ်ကျော်သက်လေး အဖြစ်ပြန်ပြောင်းတယ်။ ကုတင်ပေါ် စိတ်ပျက်လက်ပျက် မှီလှဲနေတုန်း မနေ့ညထဲက အိမ်ထဲခိုးဝင်လာခဲ့တဲ့ ပါတီကဆုံတဲ့ ကောင်မလေးဟာ သူ့ကိုကြည့်ရင်း တခစ်ခစ်နဲ့ရယ်တယ်။

ဘန်ဂျမင် ရဲ့မျက်လုံးတွေ ထောင့်ကပ်ရင်း မကြည်သလိုသာတုန့်ပြန်တယ်။

" ဒီနေ့ နင်အပြင်ထွက်မရတော့ဘူး ဟုတ် "

" ငါ့ကို ခနဲ့မနေဘဲ လူတွေမမိခင် အိမ်ပြန်လိုက်တော့ ဂျိုလီယာ "

သူမက ရယ်မောရင်းသာ အခန်းထဲကျနေတဲ့ အပေါ်ဝတ်ကိုကောက်ယူရင်း ထပ်ဝတ်တယ်။ ဘန်ဂျမင် ကတော့ မကြည်မလင်ဖြစ်နေပုံရပြီး လက်ထဲက နာရီချိန်သီးကိုသာ အကြောင်းမဲ့ ကလိနေသည်။

Your lips ft. my neck  Where stories live. Discover now