Episode (2)

222 26 0
                                    

• Unicode •

ဘန်ဂျမင်ရဲ့ပိတ်နေတဲ့မျက်ခွံတွေ လှုပ်ရှားလာရင်း မနှိုးတစ်စက်နှိုးတစ်ဝက်နဲ့ပဲ မျက်မှောင်တွေကြုတ်တယ်။ သူ့အခန်းက အရင်ကနဲ့တူမနေဘူး .. အိပ်ယာကနေ အခင်းသစ်တွေရဲ့အနံ့ကိုရနေတယ်။ ပြီးတော့ အရက်နံ့ရောနေတာကတော့ သူ့ကိုယ်ပေါ်ကလာတာဖြစ်လိမ့်မယ်။

မျက်လုံးတွေမဖွင့်နိုင်ခင် ထိုးကိုက်နေတဲ့ခေါင်းကို ဖိကိုင်ရင်း တစောင်းလှဲနေရာမှ ခန္ဓာကိုယ်ကိုတည့်လိုက်တော့ သူ့ဦးခေါင်းအောက်မှာရှိနေတာ နေ့တိုင်းအိပ်နေကျ ခေါင်းအုံးမဟုတ်ဘူး!

ထိတ်လန့်မိတဲ့စိတ်နဲ့အတူ မဟုတ်ပါစေနဲ့ဆုတောင်းနေမိပေမယ့် ဘေးတစောင်းပြန်အကြည့် အိပ်မောကျနေဆဲဖြစ်တဲ့ အီသန်လီ ရဲ့မျက်နှာကိုမြင်လိုက်ရတော့ ထအော်မလိုဖြစ်မိတဲ့ သူ့ပါးစပ်သူအတင်းကာရော ပိတ်အုပ်လိုက်ရတယ်။

ဒါ အီသန်လီရဲ့အခန်း။
သူအိပ်ပျော်နေတဲ့ အဲ့လူရဲ့ကုတင်ပေါ်မှာ။
သူ ခေါင်းထားရာက အဲ့လူရဲ့လက်မောင်းပေါ်မှာ။

ဘန်ဂျမင်ပတ် သူ့လက်နှစ်ဖက်လုံးကို ပါးစပ်ကနေမဖယ်ရဲဘူး။ အတင်းကာရောဖိနှိပ်ထားရင်း အသံတိတ်လို့ အီသန်လီ မနိုးခင် နေရာကနေထတယ်။

ဒါဖြစ်သင့်ရဲ့လား?
မနေ့ကပဲ သူစိမ်းက အိမ်ရောက်တယ်။ ရောက်ရောက်ချင်းညမှာပဲ တစ်ကုတင်ထဲအတူအိပ်မိသွားတယ်။ ဘန်ဂျမင် သူ့ကိုယ်သူသာအပြစ်တင်ကြိမ်ဆဲတယ်။

" ဒါက ခိုးထွက်တာပေါ့? "

အခန်းတံခါးဖွင့်မည့်ဆဲဆဲမှာ ထွက်လာတဲ့အသံ။ လှည့်ကြည့်မိတော့ ကုတင်ပေါ်ကနေလက်ထောက်လို့လှမ်းကြည့်နေတဲ့ အီသန်လီ။ အစောကြီးထဲက နိုးနေပုံရပြီး သူတိတ်တဆိတ်လုပ်နေတာကို ထိုင်ကြည့်နေခဲ့တဲ့ပုံပဲ။ ရှက်စိတ်ကြောင့်ရော ဒေါသကြောင့်ရော နဂို​ဖြူစွတ်နေတဲ့ကောင်လေးက ချက်ချင်းရဲတွက်လာတယ်။

" သွားပါ။ သွားပါ။ ကိုယ်မင်းမိဘတွေကိုမပြောပါဘူး "

" ကျွန်တော့်အခန်းထဲမပို့ပေးဘဲ ဒီကိုဘာလို့ခေါ်လာလဲ! "

" ဟေ့ .. ကိုယ့်အခန်းထဲအတင်းဝင်တာ မင်းနော် "

ဒေါသထွက်ရင်ပြန်စွာတဲ့ကောင်လေး က အီသန်လီ့ကိုသာ စူးစူးရဲရဲကြည့်တယ်။ မနေ့ညက တအားမူးသွားလို့ဖြစ်မည် သူဘာဆိုဘာမှကို မမှ​တ်မိတော့တာမို့ လက်ရှိမှာ အဲ့လူကိုလည်း ပြန်ချေပဖို့ အားအင်တွေရောစကားလုံးတွေရော ရှိမနေတော့ဘူး။ တံခါးကိုသာဆွဲဖွင့်ရင်း ကိုယ့်အခန်းရှိရာပြေးဝင်လိုက်တယ်။

Your lips ft. my neck  Where stories live. Discover now