❇12❇

94 23 5
                                    

🎼➡🎼➡

"ကင်... မီနာ"!?

"ဟင်?....ရှင် ရှင်က ဟိုလူ။!

မိမိအားကြည့်ကာတုန်ယင်စွာဖြင့်ပြောလာတဲ့သူမကိုကြည့်ကာ၊"ဟက်ခနဲ"ရယ်ချရင်း သူမအနားသို့ တိုးကပ်သွားလိုက်သည်။

"မင်း ငါ့လက်က ပြေးလွှတ်တာကလဲ၊4ရက်တောင်မကြာပါလား၊ဟင်!။

ဂျယ်မင်း "ခနဲ့" လိုက်ကာ၊သူမ မျက်နှာအား မေးကနေဆွဲယူကာညစ်ကိုင်ထားလိုက်သည်။မျက်နှာတွင် ဒဏ်ရာများက၊မြင်မကောင်းအောင်ထိ ရှိနေတာမို့၊ယခင်သူမ၏ လှပမှုက နည်းနည်းတောင်ရှိမနေပါ။ဂျယ်မင်းကျေနပ်သလိုပြုံးလိုက်ပြီး၊သူမအား တည့်မတ်စွာစိုက်ကြည့်ရင်းဆိုလာသည်။

"ပြေးမယ်ဆိုလဲ ၊ ငါ့ အရိပ်အာဝါသထဲ ကနေလွတ်အောင်ပြေးလေ ကင်မီနာ၊ခုတော့ ငါက လိုက်ဖမ်းစရာမလိုပဲ မင်းက၊ငါ့ ဆီတည့်တည့်ရောက်လာတာပဲ ၊အဟက်။

"နာဂျယ်မင်း ၊ ရှင် ကျွန်မကို အနိုင်ကျင့် ရက်စက်ပြီးပြီပဲ၊ ခု လွှတ်ပေးတော့လေ ၊ ရှင်နှိပ်စက်တာ2လကျော်နီးပါးရှိတယ်လေ။!!!!

သူမက ဂျယ်မင်းလက်ကနေရုန်းကာ၊အော်ပြောလိုက်သည်မို့ဘားထဲက လူတွေအကြည့်က၊ဂျယ်မင်းထံ စုပြုံလို့လာသည်။သူမစကားကြောင့် ဒေါသက ပိုထွက်လာကာ၊ရိုက်မည်အလုပ် ယုတ က လက်ကို ဝင်ဆွဲကာတားလေသည်။

"နာဂျယ် ၊ မင်း စိတ်ထိန်းအုံး၊ မင်းဂုဏ် သိခါရှိသေးတယ်၊ခုလိုအပေါစားမိန်းမတယောက်အတွက် မင်းဂုဏ်သိခါတွေ လဲမလို့လား။

ဂျယ်မင်း စိတ်ကိုအတတ်နိုင်ဆုံးလျော့ချကာ၊ယုတ လက်အားဖယ်ချလိုက်​ပီး၊ မီနာအား လက်ညိုးထိုးလိုက်ကာ ဆိုလိုက်သည်။

"မင်း အပြစ်က အဲ့လောက်နဲ့မပြီးသေးဘူး၊မင်း ထိခိုက်လိုက်တာက သူ့တစ်ဘဝလုံးစာကွ၊နားလည်ရဲ့လား။

"ရှင် ဝဋ်လည်မှာကို မကြောက်ဖူးလား၊ ရှင် ကျွန်မ အပေါ်အခုလိုလုပ်နေတာ ၊တနေ့ဝဋ်လည်မယ်။

"ဟား ဟား ၊မင်း မှတ်ထား၊နာဂျယ်မင်းကို အပြစ်ပေးနိုင်တဲ့လူကမမွေးသေးဘူး၊အေး မွေးဖွားခဲ့ရင်လဲ သူကပေးတာဖြစ်လို့ ငါခံယူမယ်။

🍁Red Spider Lily🍁Where stories live. Discover now