-17-

174 17 0
                                    


🥑

-

-Renjun... "

Yellow Tulip ကဖေးဆိုင် ဒေါင့်ဘက်စွန်း ခုံလေးတွင်ထိုင်နေသည့်Jenoက ကော်ဖီဆိုင်ထဲဝင်လာသည့်Renjunအား မိမိကို ခေါင်းငဲ့ကာရှာနေသည်မို့ Jenoက မတ်တပ်ရပ်ကာခေါ်လိုက်ခြင်းဖြစ်သည်။

"အာ...Jeno"!

Renjunထိုအနားလေးလျှောက်သွားတော့ Jenoက ပြေးဖက်လေသည်။

"Jun...မင်း ထိခိုက်မှုမရှိဘူးမလား၊ ဘယ်နားတွေ  ထိခိုက်မိတာရှိသေးလဲဟင်!?

ဖက်ထားရင်း တဖွဖွမေးလာသည်မို့ ၊Renjunသူ့ပခုံးပေါ်မေးနေရင်းဖြင့်ခေါင်းခါက နှုတ်ကလဲတိုးတိုးလေးပြောလိုက်လေသည်။

"ငါ အဆင်ပြေတယ် Jeno မင်းရော အဆင်ပြေရဲ့လား!? ဒီအတောအတွင်း မင်းတစ်ယောက်တည်း ကုမ္ပဏီ ကို သေချာပြန်စီစစ်နေရမှာ ငါသိတယ်"

"ငါ အဆင်ပြေပါတယ် Jun ၊ မင်း ငါ့ နား ရှိနေရုံနဲ့ ငါအကုန်လုံးအဆင်ပြေတယ်"!

Jenoက ဖက်ထားရာကခွာရင်း၊Renjunနှင့်အကြည့်ချင်းဆုံစေကာပြောလာသည်။

"လာလေ... Jeno ငါတို့အေးဆေးထိုင်ပြီး ဆွေးနွေးရအောင်၊ မင်း ကုမ္ပဏီ ကိစ....!"

"ဒါတွေကို ထားလိုက်ပါ Jun ၊ကိုယ်နဲ့မင်း ဆုံတုန်း ကောင်းတာတွေပဲပြောရအောင်လား... အရေးမပါတာတွေ ဘေးဖယ်ထားပြီးလေ.."

Jenoက စားပွဲပေါ်ရှိ ကော်ဖီအားတစ်ငုံသောက်ကာ၊ ဖြတ်ပြောလာသည်မို့ Renjunစကားလုံးများရပ်တန့်သွားရတော့သည်။

"အင်းပါ"

"Jun အိမ်ကို ဘယ်တော့ပြန်လာမလဲ ၊ ကိုယ် မင်းအခန်းကို သန့်ရှင်းရေးသေချာလုပ်ပြီး ရှင်းခိုင်းထားပြီးပြီ"

"အာ...အဲ့တာကလေ"!

"သူ ပြန်လာမှာမဟုတ်ဘူးJeno... Renjunက ငါ့ ဗီလာမှာပဲ လိုက်နေတော့မှာ"!

"......!

ထိုစကားက Jenoနောက်ကျောကထွက်လာသည်မို့၊သူဒီအသံကိုလဲ လုံးဝရင်းနှီးနေခဲ့သည်။

!Na Jaemin!

Jaemin ဂရုမစိုက်ဟန်ဖြင့်၊ Jenoရှေ့တည့်တည့်ထိုင်နေသည့်Renjunဘေးနားဝင်ထိုင်ကာ ခပ်ထေ့ထေ့ပြုံးပြလာခဲ့သည်။

🍁Red Spider Lily🍁Where stories live. Discover now