SOFTEN GAME {Unicode+Zawgyi}

626 29 1
                                    

Unicode

"အိုးးကျွန်တော်ပြောတဲ့ဘက်ကိုလာပါဆို..မဟုတ်ရင်အကိုသေလိမ့်မယ်"

ကီးဘုတ်တွေနှင့်Mouseတွေပေါ်ပြေးလွှားနေသည့်သူ့လက်တွေကgame overမဖြစ်ဖို့သာအဓိကကျနေခဲ့ပါသည်။

"အကို..နေခဲ့တော့ကျွန်တော်တယောက်တည်းသွားမယ်"

တဖက်မှခပ်တိုးတိုးရယ်သံတွေကနားထဲတိုးဝင်လာတာကြောင့်သူစိတ်ထဲထောင်းခနဲဒေါသလေးထမိတာတော့အမှန်ပင်။

"ဘာရယ်တာလဲဒီမှာရှုံးတော့မှာကို..အကိုဟာလေ"

"ဟုတ်ပါပြီခင်ဗျာ..ကျွန်တော်တိတ်တိတ်လေးနေပေးပါ့မယ်"

ဒီဆက်ဆံရေးလေးကတော့အခုလောက်ဆို၂လလောက်ရှိတော့မယ်ထင်တယ်
ဂိမ်းဆော့ဖက်လို့ဘဲပြောရမလား အပြန်အလှန်အတတ်သင်ပေးကြတဲ့ပါတနာလို့ဘဲပြောကြရမလား။
Onlineကနေစကားတွေအများကြီးပြော~~
အသိတွေဖလှယ်ကြတယောက်အကူညီလိုရင်တယောက်ကအချိန်ပြည့်ရှိနေပေးတာမျိုးလေး
အပြင်မှာမတွေ့ဖူးဘဲဘယ်လိုယုံကြမလဲပေါ့ဟုတ်တယ်မလား
ဒါကလည်းတမျိုးလေး..ကျွန်တော်သူနဲ့lineမှာchatရင်သူစကားပြောတာတွေကိုကြည့်ပြီးလေလူကြီးလူကောင်းဆန်သလိုပုံစံမျိုး..ပြီးတော့ဘယ်တော့မှပေါ့ပေါ့တန်တန်ပုံစံမျိုးနဲ့replyမလုပ်ခဲ့ဘူး
တကယ်ကိုကျွန်တော့်ကိုလေးလေးနက်နက်ဆက်ဆံပြီးအကူအညီတွေဆိုမတောင်းဘဲပေးတဲ့ပုံစံမျိုး~
ပြီးတော့ကျွန်တော်သူနဲ့chatနေရင်ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုလွယ်လွယ်ကူကူမေ့သွားတတ်တယ်ပေါ့
အဓိက,ကသူနဲ့စကားပြောနေရင်ပျော်နေမိတယ်လေ

"ကဲ..ကျွန်တော်တို့ရှုံးသွားပြန်ပြီ"

"အင်းလေ..အဲ့တော့ကိုယ်ဘာလုပ်ပေးရမလဲ"

အဆတ်မပြတ်ပေါ်လာသေtypingကြောင့်သူreplyမလုပ်သေးဘဲph screenကိုသာကြည့်နေခဲ့သည်။စက္ကန့်အနည်းငယ်အတွင်းမှာပေါ်လာသော
ခပ်ရှည်ရှည်စာလေး~~

"Sorryကွာကိုယ်သေချာသတိမထားမိလိုက်ဘူး။ကိုယ်လိုနေသေးတာတွေအများကြီးရှိနေသေးတာပဲ
အာ့ကြောင့်ကိုယ်လိုအပ်နေတာတွေကိုတော့ဆက်သင်ပေးအုံးမယ်မလားဟင်။အမှားတွေကတော့ရှိနေသေးတာတခုတော့ကိုယ်ရှက်လိုက်တာ"

PONDPHUWIN's OS collectionWhere stories live. Discover now