part -5

844 89 23
                                    

"ဒီနေ့ကစပြီး hyung ကြောင့်အခုန်မြန်နေတဲ့ ကျနော်နှလုံးသားလေးကိုရော့ ကျနော်ကိုပါ တာဝန်ယူရမယ်"

"ဟင်"

"ဘာမှ ဟင်မနေနဲ့ ကျနော်ကိုတာဝန်ယူမလား ဒါမှမဟုတ် hyung ကို ကျနော်ကဝာာဝန်ယူရမလား"

"ဟင်!"

Jungkook ပြောသမျှကို သူမှာ တဟင်ဟင်နဲ့သာဖြစ်နေသည်၊သူဆီက ချစ်ပါတယ်လိုပြောပြန်ပြောမယ့်စကားကို အတင်းဓားပြတိုက်သလို တောင်းနေတဲ့ သူကြောင့် seokjin မှလဲ ကြောင်တောင်တောင်ဖြစ်နေသည်၊သူကိုတော့ ကလေးကြနေတာဘဲလို ပြောပြီး သူကိုယ်တိုင် ကလေးလို့ ဂျစ်တိုက်နေသည်၊ပြောချင်ရာပြောပြီး ဆိုင်က ထသွားသည်၊ သူလဲ Jungkook နောက်ကိုသာ အပြေးလေးလိုက်သွားတော့ ဆိုင်ကယ်ပေ့ါတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းက စောင့်နေသည်မှ သူအမြင်ထဲ အရမ်းကိုစမတ်ကျလွန်းနေသည်၊ All black နဲ့ မိုက်နေတဲ့သူက ချစ်တယ်လိုမပြောဘဲ ပြန်ချစ်ပေးနိုင်မလားလို့ ကလေးလို့ နားပူနားဆာ လုပ်နေတဲ့သူမှ ဟုတ်ရဲ့လား၊

ဆိုင်ကယ်မောင်းနေတဲ့ တစ်လျှောက်လုံး အနောက်က seokjin မှ ခုနကိစ္စကြောင့်အနေခက်နေသည်၊ သူခါးကို ဖက်ရမှလဲ တစ်မျိုးဖြစ်နေသည်၊ခါးကိုမဖက်ဘဲနေတော့လဲ ဆိုင်ကယ်ကို အမြန်မောင်းနေတာကြောင့် တင်းတင်းဖက်ထားရပြနါသည်၊သူဖက်ထားတော့မှ ဆိုင်ကယ်ကို အေးဆေးမောင်းပေးသည်၊အသားယူလိုက်တာလဲ လွန်ပါ့ Jungkook တို့က၊
အိမ်‌ကို ရောက်တော့ သူလဲ နှုတ်ဆက်ပြီး ပြန်သွားသည်၊ဆော့ဂျင်လဲ အိမ်ထဲဝင်လိုက်သည်၊ဒါတောင်မသွားခင်ပြောသွားတာ "ကျနော်ဘက်က သေချာနေပြီး hyung ဘက်ကဘဲ ကျန်တော့တယ်" လို့ ပြောပြီး ဆိုင်ကယ်ကို အရှိန်မောင်းထွက်သွားသူကြောင့် သူမှစိတ်ပူရပြန်သည်၊

"အကိုပြန်လာပြီလား"

Jungkook ကြောင့် ရှက်စိတ်‌တွေ မွန်းနေရတာ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ပါ၊အခုလဲ Jimin ရပ်နေသည်ကိုပင် သတိမထားမီ၊ရုတ်တရက် ကြားလိုက်ရတဲ့ Jimin အသံကြောင့် လန့်သွားရသည်၊

"ဟင် ဟို ပြန် ပြန်ရောက်ပြီ "

ဟုပြောပြီး သူအခန်းထဲသာ ဝင်နေလိုက်သည်၊လေပူလေးတစ်ချက် မှုတ်ထုတ်လိုက်ပြီး ခုန်နေတဲ့ရင်ဘက်ကို လက်နဲ့ဖိကာ တစ်ယောက်တည်းကျေကျေနပ်နပ်ကြီး ပြုံးနေမီသည်၊
Jimin ကတော့ ခေါင်းသာ ခါ နေတော့သည်၊ seokjin အိမ်ထဲ ဝင်လာထဲကသူတွေ့သည်၊ ပါးနှစ်ဖက်ဟာလဲ ရှက်သွေးဖျာနေသလို နီရဲနေပြီ သူမေးလိုက်တော့ စကားတွေဟာ ထစ်ငေါ့နေသည် သေချာပါတယ် ဟိုငနဲကောင် လက်စွမ်းပြလိုက်ပြီးဘဲ၊

ကျွန်တော်ချစ်သောhyung(complete )Where stories live. Discover now