Part-3

20 2 0
                                    

ဒီနေ့ စနေနေ့။
အထူးသဖြင့် ကျောင်းပိတ်ရက်နေ့ ။
ကျောင်းပိတ်ရက်နေ့မို့ စိန်လှိုင်းသွင် အိမ်မှာပျင်းရိပျင်းတွဲနေနေရင်းမှ ညနေလေးနာရီထိုးခဲ့ပြီ။

တစ်ကယ်တော့ စိန်လှိုင်း အိမ်မှာပျင်းရိပျင်းတွဲနေနေရတဲ့အကြောင်းက မေမေ့ကြောင့်သာ။
လယ်ထဲသွားပြီး ကူစရာရှိတာကူပါမယ်ဆိုပါမှ လက်မခံ။စာကျက်ရမည်ဆိုသည့်အကြောင်းအရင်းကို အသုံးချ၍ သူ့ကိုအိမ်တွင် တစ်ယောက်တည်းနေရစ်စေသည်။စိန်လှိုင်း လည်းမေမေ့စကားအတိုင်း တစ်နေကုန်စာထိုင်ကျက်နေခဲ့သည်။ဒါမှ မေမေပင်ပန်းထားသမျှ အဖတ်တင်မှာလေ။

ထမင်းချက်ချိန်ရောက်တော့ စာကျက်တာကိုရပ်လိုက်ပြီး ချက်ပြုတ်စရာရှိတာ ချက်ပြုတ်နေခဲ့သည်။
ဒီနေ့တော့ မေမေထမင်းမှိန်မှာသေချာသည်။ဘာလို့ဆို စိန်လှိုင်းချက်ထားတာတွေက မေမေ့အကြိုက်တွေချည်းသာ။ငပိထောင်းရယ်၊ကင်ပွန်းရွက်ဟင်းချိုရယ်၊တို့စရာအဖြစ် ဆူးပုတ်ရွက်ရယ် တွေးကြည့်ရုံနဲ့တင် မြိန်မှာသေချာသည်။ကန်စွန်းရွက်ကြော်ကလည်း အဆစ်ပါသေးသည်မို့။

ချက်လို့ပြုတ်လို့ပြီးသည်နှင့် စိန်လှိုင်း ရေမိုးချိုးကာ သနပ်အဖွေးသားဖြစ်နေပြီး။လုပ်စရာရှိတာ လုပ်ပြီးသည်နှင့် စိန်လှိုင်း ကြောင်ကလေးနဲ့ထိုင်ဆော့နေလိုက်သည်။အချိန်တစ်ခုအထိတော့ စိန်လှိုင်းပျင်းမနေ။ဘာလို့ဆို ဒီကြောင်ကလေးကိုအမည်နာမ်မဘယ်လိုမှည့်ပေးရမလဲဟူသည့် အကြောင်းစဉ်းစားခန်းဖွင့်နေသောကြောင့်ဖြစ်သည်။နောက်ဆုံးတွင်တော့ ရှားနဲ့တိုင်ပင်ပြီးမှ ထိုကြောင်ကလေးကို အမည်မှည့်ပေးရန်ဆုံးဖြတ်လေသည်။

နာရီဝက်လောက်ကြာလာတော့ စိန်လှိုင်းသွင် ပျင်းလာရသည်။စာထပ်ကြည့်ဖို့ကလည်း စိန်လှိုင်းပျင်းသည်။တစ်မနက်လုံး ဖင်ပူအောင် ထိုင်ကျက်ခဲ့ပြီးပြီမို့။

စိန်လှိုင်းရင်ခွင်ထဲက ကြောင်ကလေးသည်မျက်လုံးမှေးရင်း ဇိမ်ခံနေသည်။
စိန်လှိုင်းကလည်း ထိုကြောင်ကလေးကိုပွေ့ဖက်ရင်းမှ နှစ်ထစ်သာရှိသည့် လှေကားပေါ်ဆင်းကာထိုင်ချလိုက်သည်။လည်တိုင်ကလည်း မျက်နှာမူရာရှေ့အရပ်ဆီတစ်မျှော်မျှော်။

မောင့် စိန်လှိုင်းသွင်Where stories live. Discover now