FIVE

410 66 1
                                    

"မိုးကလဲ ဆိုင်းမဆင့်ဘုံမဆင့်ရွာပြန်ပြီ
ဒီနှစ်မှမိုးက အရင်နှစ်တွေထက်ပိုလို့တောင်ရွာသလိုပဲ"

မိန်ယဲ့ကမှောင်မိုက်နေသည့်ကောင်းကင်ကိုကြည့်ကာသက်ပြင်းချတော့ မက်သရူးပါသက်ပြင်းလိုက်ချမိသည်။

"ချန်လင်းနဲ့မမမိန့်ယဲ့ကခင်တာကြာပြီလား"

မိုးတိတ်တာစောင့်နေရတဲ့မက်သရူးက မိန်ယဲ့နဲ့စကားများများစားစားပြောစရာမရ‌ှိတာမလို့ စကားရှာလိုက်သည်။

"ဟုတ်တယ် အဲဒီကောင်လေးငယ်ငယ်တည်းကသိတာ မမတို့ကအိမ်နီးချင်းလေ"

"......."

"ချန်လင်းက မမမျက်စိရှေ့မှာတင်ကောင်းကောင်းကြီးပြင်းလာတာ အစနောက်တော့သန်ပေမယ့်လူကောင်းလေးပါ"

"မမ...."

ချန်လင်းက လက်မှာခေါက်ထီးတစ်လက်ကိုင်ကာပြေးလာပြီး မိန်ယဲ့လက်ထဲခေါက်ထီးလေးထည့်ပေးသည်။

"မမမိန့်ယဲ့တို့ သွားချင်သွားတော့လေ"

"ဒါပေမယ့် မက်သရူးတစ်ယောက်တည်းဖြစ်နေမှာပေါ့"

"ရတယ် ခဏနေမိုးနည်းသွားမှာပါ "

"ဒါဆို မမသွားတော့မယ်"

"ကျွန်တော်လဲလိုက်မယ်"

ချန်လင်းက မိန်ယဲ့ရဲ့ခေါက်ထီးသေးသေးလေးထဲတိုးကပ်ပြီးဝင်သွားသည်။ခေါက်ထီးလေးဟာနှစ်ယောက်ကိုမလုံတာသိပေမယ့် ချန်လင်းဟာထီးအနားစွန်းလေးမှာနေရတာတောင်ပျော်နေပုံရ၏။ဒီမြင်ကွင်းကိုကြည့်ပြီးမက်သရူးပြုံးနေရာမှ ‌အုံ့မှိုင်းနေသောကောင်းကင်ကိုကြည့်ကာ မက်သရူးသက်ပြင်းချလိုက်သည်။

"ဘယ်တော့မှတိတ်မှာလဲကွာ...."

မက်သရူးမိုးတိတ်မှာကိုစောင့်ရင်းနဲ့ ပတ်ဝန်းကျင်ဟာ မှောင်ရီစပြုလာခဲ့ပြီဖြစ်သည်။တက္ကဆီမောင်းတဲ့ဦးလေးကြီးကိုဖုန်းဆက်တော့လဲ ဆက်သွယ်၍မရ။မိုးရေအစိုခံပြီးပဲပြန်ရမလားလို့မက်သရူးတွေးမိပေမယ့် အိတ်ထဲမှာအကြီးတဲ့စာရွက်စာတန်းတွေပါတာကြောင့် မိုးတိတ်မှပြန်ဖို့ကိုသာဆုံးဖြတ်ချက်ချလိုက်ရသည်။

Eight Years ApartWhere stories live. Discover now