SIX (1)

260 41 1
                                    

ခေါင်မိုးထက်မှ မြေပြင်ပေါ်ကိုရေတတောက်တာက်နှင့်ကျနေသည့်အသံကမက်သရူးကိုအိပ်မောကျနေသည့်လှုပ်နိုးလိုက်သည်။ခေါင်းဟာတစ်ဆစ်ဆစ်ကိုက်နေခဲ့ပြီး မက်သရူးရဲ့စိတ်ဟာကြည်လင်မနေခဲ့ဘူး။

မက်သရူးကြိုးစားပြီး မျက်လုံးဖွင့်လိုက်တော့ မရင်းနှီးတဲ့ မျက်နှာကျက်ဖြူဖြူကစီးကြိုလို့နေသည်။

"ဒါဘယ်နေရာလဲ"

မနေ့ကသူ ကုမ္မဏီရှေ့မှာ မိုးတိတ်သွားတာကို စောင့်နေခဲ့တာဖြစ်သည်။ပြီးတော့...

မက်သရူးမှတ်ဉာဏ်ထဲမနေ့ညက အဖြစ်ပျက်အားလုံးဟာအစီရီတိုးဝင်လို့လာတာ‌ေကြာင့် သူ့မျက်လုံးတွေပြူးကျယ်သွားသည်။သူ့ရှေ့ကိုရစ်ခီကရောက်လာခဲ့ပြီး သူကရစ်ခီကိုဖက်ပြီးငိုမိခဲ့တာပဲ။မက်သရူးကိုယ့်ကိုယ်ကိုဆဲရေးလိုက်မိ၏။ဘာလို့များသူ ရည်းစားဟောင်းကိုကြောင်လေးတစ်ကောင်လိုပြုမှုမိခဲ့တာလဲ။

မက်သရူးမှာကြာကြာစဉ်းစားဖို့အချိန်မရှိဘူး။အခုသူလိုအပ်နေတာက ဒီအခြေနေကြီးကနေရုန်းထွက်ဖို့ပဲ။မက်သရူးအိပ်ယာပေါ်က အမြန်ထရပ်လိုက်သည်။အဖျားကြီးထားတဲ့အရှိန်ကြောင့် မက်သရူးရဲ့ ခေါင်းဟာမူးဝေသွားပြီးခန္ဓာကိုယ်ဟာယိုင်ကျသွားတယ်

ကုတင်ဘေးကစားပွဲကိုဖမ်းဆွဲလိုက်ပေမယ့်အလုပ်မဖြစ်ခဲ့။အားနည်းနေတဲ့လက်တွေကစားပွဲကိုမဆွဲနိုင်လိုက်ခင်မှာပဲ မက်သရူးခန္ဓာကိုယ်က ကြမ်းပြင်နဲ့မိတ်ဆက်သွားတော့သည်။ဒီအချိန်မှာပဲ အခန်းတံခါးကရုတ်တရက်ပွင့်ဟသွားပြီး ရင်းနှီးနေတဲ့ ရေမွှေးနံ့ဟာ မက်သရူးရဲ့နှာခေါင်းထဲကို တိုးဝင်လာသည်။ပွင့်လာတဲ့တံခါးနဲ့အတူ မက်သရူးအချိန်မှီထလိုက်ဖို့အတွက် မကြိုးစားနိုင်လိုက်ဘူး။အခုသူ့ခန္ဓာကိုယ်ကအရမ်းအားနည်းလွန်းနေတယ်။တစ်ကိုယ်လုံးဟာ ရေညစ်ထားတဲ့အဝတ်လိုပဲအားအင် တွေကုန်ခမ်းနေတယ်။

မက်သရူးဘဝမှာမဖြစ်ချင်ဆုံးအရာက အခြားတစ် ယောက် ရှေ့မှာအားနည်းမနေချင်တာဘဲ။သို့ပေမယ့် သူတစ်သက်လုံးမဖြစ်ချင်တဲ့အရာဟာဖြစ်လာယခုခဲ့ချေပြီ။

You've reached the end of published parts.

⏰ Last updated: Jan 02 ⏰

Add this story to your Library to get notified about new parts!

Eight Years ApartWhere stories live. Discover now