ကျွန်မနှင့် သူမ Portrait

272 16 4
                                    


သူမ💛 ...

သူမနှင့် ကျွန်မ 2021 အကုန် ဒီဇင်ဘာလရဲ့ လလယ်ရက်တစ်ရက်မှာ စတင်ဆုံစည်းခဲ့ပါတယ်။ အဲ့ဒီကာလတွေတုန်းက ကျွန်မစိတ်တွေ အတော်လေး လေလွင့်ပြီး အရာရာ လှစ်ဟာလို့ feeling empty ဖြစ်နေချိန်ပေါ့။ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်တွေလေလွင့်နေခဲ့မိတာ။ သိပ်အားနေတဲ့အချိန်တွေကို ဖြုန်းတီးဖို့ရှာကြံရင်း ကျွန်မ wp ထဲက fic လေးတွေ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲ့သလိုနဲ့ အဲ့ဒီကာလ popular ဖြစ်တဲ့ fic တွေ ဖတ်နေရင်း တစ်ရက်မှာ အောက်က recommendation မှာ ေတာင်နေကြာတွေပုံနဲ့ "အကယ်၍သာ" ဆိုတဲ့ ရိုးရိုးယဥ်ယဥ် fic လေး တစ်ပုဒ်ကိုသွားတွေ့တယ်။ ဘာရယ်မဟုတ်ပါဘဲ ကျွန်မ ကောက်ဖွင့်လိုက်မိခဲ့တယ်။

ပထမပိုင်းနဲ့တင် character နှစ်ယောက်လုံးကြောင့် အရမ်းကို စိတ်ဝင်စားသွားမိခဲ့ပါတယ်။ အထူးသဖြင့် သူမ ကြောင့်ပေါ့။

သူမနာမည်က ရှေးခေတ်ကနာမည်ကြီးအဆိုတော်အန်တီ့နာမည်နဲ့ ခပ်ဆင်ဆင်ရယ်ပါ။ ရိုးသလိုလေးနဲ့ဆန်းပါတယ်။ ဒါပေမယ့် အဓိကစိတ်ဝင်စားသွားရတဲ့ အကြောင်းချက်ကတော့ သူမ ဟာ ကျွန်မနဲ့ professional တူပြီး အသက်အရွယ် position မတိမ်းမယိမ်း ဖြစ်နေတဲ့အချက်ပါပဲ။ အဲ့ဒီအချက်ကြောင့်ပဲ ဘယ်လိုပင် Author က ဇာတ်တစ်ခုလုံးကို တခြား characterရဲ့ point of view က ရေးခဲ့စေကာမူ ကျွန်မဖတ်လိုက်တိုင်း အမြဲ သူမနေရာကပဲ ဝင်ခံစားမိခဲ့ရပါတယ်။ အရွယ် အလုပ်အကိုင်အနေအထား တူနေတာမို့ သူမနေရာကနေ ဝင်ခံစားဖို့ ကျွန်မအတွက်ပိုပြီးလွယ်ကူ အံဝင်နေခဲ့ပါတယ်။

တိုက်ဆိုင်မှုတွေ ဆိုတာ တကယ်ရှိတတ်မှန်း ပိုမိုလက်ခံ ရတဲ့အခိုက်အတန့်တွေပါပဲ။ သူမနဲ့ ကျွန်မဟာ တချို့သော အချက်အလက်တွေမှာ ထင်မှတ်မထားဘဲ အတော်တိုက်ဆိုင်နေခဲ့တယ်။

နှစ်ယောက်စလုံး
ဖေဖေမရှိတော့တာချင်းတူတယ်။
မေမေဟာ ကျွန်မတို့ဘဝအတွက် အရေးအပါဆုံးသူ ဖြစ်တာချင်းတူတယ်။
သမီး​ကြီးဖြစ်ပြီး မောင်တစ်ယောက် ညီမတစ်ယောက်ရှိတာချင်းတူတယ်။
အလုပ်အကိုင်တူတယ်။
မွေးဂဏန်းတူတယ်။ မွေးသက္ကရာဇ် ကို reader တစ်ယောက်ကမေးတော့ Author ​ဖြေလိုက်တဲ့ချိန်မှာ ကျွန်မမွေးသက္ကရာဇ်ဖြစ်နေလို့ အရမ်းအံ့ဩခဲ့ရဖူးတယ်။
အလုပ်ပေါ်ထားတဲ့ခံယူချက်ချင်းတူတယ်။
ဦးထီးသီချင်းတွေ ကြိုက်တာလည်းတူပါတယ်။ ကျွန်မကတော့ အခြားအဆိုတော် အတော်များများကြိုက်ပါတယ်။

My Feelings, My Creations Where stories live. Discover now