I will follow my achit's♥︎

327 43 21
                                    

အချစ်ကတကယ် မလွယ်ကူဘူးပဲ...။

အချစ်ဦး

ဦးဆုံးမို့ အရူးဆုံးဖြစ်ခဲ့ရတယ်၊
မျက်တောင်ရှည်တွေ ပုတ်ခတ်နေတာကအစ
သူ့နှုတ်ခမ်းဖျားတွေ
လခြမ်းကွေးသဏ္ဍာန် ကွေးတက်သွားအောင်အထိ
ရယ်မောတဲ့ အခေါက်အခါတိုင်း
ငါ့မှာ မမောမပန်းနိုင်အောင်ငေးမောကြည့်ခဲ့ရတာ။

အချစ်တို့ရဲ့ အဖွင့်ဟာလှလှပပပါပဲ၊
နွေးနွေးထွေးထွေး လက်ဖဝါးတစ်ခုကို
တက်တက်မတ်မတ်နဲ့ လှမ်းဆွဲခဲ့မိတော့
အေးစက်စက်နဲ့ အချစ်မရှိတဲ့နှလုံးသားကို မမြင်ခဲ့ဘူး။
ဒီကနေ တစ်ဆင့်ဒဏ်ရာတွေရခဲ့တာပဲ
ဒါတောင် ငါကျေနပ်ခဲ့တယ်။

အဲ့ဒီအချိန်တုန်းက အချစ်အပြင်ဘာမှမပေးနိုင်ခဲ့လို့၊
အခုကျလည်း အံ့သြရတယ်။
ငါ့မှာသူ့အတွက် အချစ်ကလွဲရင် အကုန်ရှိနေလို့လေ.....။

Fourth တစ်ယောက်မနေ့က Ban အိမ်အပြန်လာမှာ
ဖြစ်ခဲ့သည့်ကိစ္စကြောင့် ကိုယ့်ကိုကိုယ်တောင်မယုံနိုင်ပင်။

Geneva မြို့လယ်ခေါင်ကြီးမှာ Gemini က Fourth ကိုလိုက်တော့မည်ဆိုသည်တဲ့လား။
ကြားရသည့် ကိုယ့်နားတောင်Fourth မယုံတော့ပါ။

10 လပိုင်းရောက်ဖို့တောင် မလိုတော့ပေ၊
သစ်ရွက်တွေကြွေလေပြီး နှင်းများထူထပ်တော့မည်။

အဲ့သည့်အချိန်ကျ သူရွာလေးကိုတစ်ခေါက်ပြန်ရအုန်းမည်၊
Fourth က ဆောင်းရာသီတစ်လလောက်ကို ရွာမှာပဲအချိန်ကုန်ပစ်လေရှိသည်။

အန်တီ Jenner ဖုတ်ပေးသော ကိတ်မုန့်ပူပူမွှေးမွှေးလေးရယ်၊ မီးလင်းဖိုအရှေ့မှာ ထိုင်ကာ ရေဒီယိုကလာသမျှသီချင်းများကို နားထောင်မယ်၊
အဲ့သည့်အချိန်ကျရင်စောင်ထူထူကြီးကြီးကြီးကြားမှာ Fourth ခန္ဓာကိုယ်လေးကမြုပ်နေတော့မှာ။

ဒီနှစ်လည်းသူ သွားချင်မိသည်၊ ရွာလေးကိုလည်းလွမ်းတယ်၊ အန်တီ Jenner ကိုလည်းလွမ်းတယ်၊ ဂျင်ဘိုလေးကိုလည်းလွမ်းတယ်။
ဒါပါပဲ.....,အင်းဟုတ်တယ် အဲ့တာပဲ။
ကျန်တာလိုလည်းမလိုတော့သလိုလို ပိုလည်းမပိုတော့ပါဘူး။

The BoyfriendWhere stories live. Discover now