Starry night♥︎

534 40 6
                                    

ကြယ်တွေ စုံတဲ့ည....။

အသက်တစ်ခါရှူလိုက်တော့ အချစ်တွေကပိုတိုးလာတယ်၊
ဘဝကြီးတစ်ခုလုံးကို ပန်းနုရောင်ပါးပြင်လေးဆီမှာ
ပုံအောထားလိုက်ပြီ၊ ကိုယ်လည်းမင်းစိတ်နဲ့ ရူးတော့မယ်
.
.
.
.
အရုဏ်တက်အလင်းမှိန်ဖျော့ဖျော့အလင်းရောင်တစ်ချို့က Fourth ရဲ့မျက်နှာလေးပေါ်မှာ ကျရောက်လာသည်။

နေထိုးသွားသောကြောင့် မျက်လုံးများကို
ဖြေးဖြေးချင်းဖွင့်လိုက်တော့ အရှည့်မှာမြင်လိုက်ရသည့် မျက်နှာတစ်ခု။

မနက်ခင်းနေရောင်ခြည်အောက်မှာ အိပ်မောကျနေသော Gemini ကအိပ်နေတာတောင် ချောမောမှုကမပျက်လှ။
အသက်ရှူတာတွေပါ မှားကုန်တဲ့အထိ Fourth ကြည့်မိနေရသည်။

ထိုမျက်နှာချောချောက သူ့ဘဝရဲ့အလင်းရောင်တစ်ခုဖြစ်ခဲ့ဖူးသည်၊
အိမ်မတ်လေးတစ်ခု ဖြစ်ခဲ့ဖူးသည်၊ မျှော်လင့်ချက်လေးတစ်ခုဖြစ်ခဲ့ဖူးလေသည်။

အခုတော့လား?၊ မသေချာတော့ပါ သူလူတွေကို ချစ်ဖို့ကြောက်ရွံ့သွားရလေပြီ၊ သံယောဇဉ်မတွယ်တာအကောင်းပဲမဟုတ်လား။

Gemini မြို့ကိုပြန်သွားတော့ ဖြတ်သန်းခဲ့ရသည့်မှောင်မိုက်သည့် ကြယ်လကင်းမဲ့သော ညတွေ.....
မရေမတွက်နိုင်အောင် ငိုခဲ့ရသည့်အချိန်တွေပဲ။

ကြောက်သည်၊ ဟုတ်ပါတယ်၊ သူအရမ်းကြောက်တယ်၊
Gemini ကိုသူထပ်ပြီး သံယောဇဉ်တွယ်မိမှာကိုမဟုတ်ပဲ Gemini သူ့ကိုထပ်ထားခဲ့မှာကိုပေါ့....။

မနေ့ညက ပြောပြသည့် သူမူးနေတုန်းကအကြောင်းတွေ.....,
ပြီးတော့ အနမ်း.....။

အနမ်းဆိုတာနှင့် Fourth မျက်နှာတစ်ပြင်လုံးပူရှိန်သွားရလေသည်၊
အတော်မိုက်မဲသည့် လူ။

Gemini ကိုသူသာ နာမည်တစ်ခုတပ်ရလျှင်
'အရင်းနှီးဆုံးသူစိမ်း' ဆိုတာနှင့်တပ်မက်ရမည်။

မလှမ်းမကမ်းက မီးလောင်ကျွမ်းနေသောထင်းခြောက်များ၏ အသံတို့ကြောင့် တွေးလက်စအတွေးများကိုပစ်ချကာအခန်းထဲမှ ထွက်လာလိုက်သည်။

"Ohh!!.....Guten Morgen Fourth"

အန်တီ Jenner ကတက်ကြွစွာ သူ့ပါးကိုနမ်းရင်
Good morning ဟုနှုတ်ဆက်လာသည်။

The BoyfriendWhere stories live. Discover now