Part 8

1.4K 199 0
                                    

8 01

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၈

အကြောင်းမှာ ကြက်ခြံသည် အလွန်အမင်းနံစော်နေလေသည်။ ကြည့်ရသည်မှာ လယ်သမားများသည် ကြက်ခြံအား အချိန်အတန်ကြာ သန့်ရှင်းရေး မလုပ်ထားသည့်ပုံပင်။ ယုချူးရွှယ် အနံခံလိုက်ပြီး ကျုံးရှင်းရင်အား ကြည့်လိုက်၏။ ကျုံးရှင်းရင်လည်း ထုတ်လုပ်မှုအသင်းသည် ဤမျှဆိုးရွားမည်မှန်း မမျှော်လင့်ထားပေ။ သူမတကယ်ပဲ ထိုကြက်ခြံထဲသို့ ကြက်ဝင်မဖမ်းချင်ပေ။

ယိုရှင်းယွီလည်း အနားသို့ရောက်လာပြီး"ဘာဖြစ်တာလဲ"

ကျုံးရှင်းရင်သည် ခပ်တိုးတိုးနှင့်"အနံက အရမ်းဆိုးဝါးတယ်"

ယိုရှင်းယွီ ကြက်ခြံအား ကြည့်လိုက်သောအခါ တင်ဆက်သူသည် ကြက်ခြံအား ရိုက်ပြလာသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင် ကွန်မန့်မများ တရစပ် တက်လာတော့၏။

[ ၆၆၆၆၆၆၆ ‌ဒီ ထုတ်လုပ်မှုက တကယ်ကြီးပဲလား။]

( ၆၆၆၆၆၆ ဆိုတာ တရုတ်ဂိမ်းဗန်းစကားတစ်ခုပါ။ အထင်ကြီးလေးစားကြောင်း ပြောဆိုရာမှာ သုံးပါတယ်။ )

[မဖြစ်နိုင်ပါဘူး၊ ဒီနေရာကနေတောင် အနံရနေပြီ]

[အရင်ဆုံး ခဏ အန်ပါရစေ]

[ရှင်းယွီ အာ့ကြက်ခြံထဲ လုံးဝ မဝင်နဲ့နော်]

ယိုရှင်းယွီ သူ့ရှေ့မှ လူ၃ယောက် စကားပြောနေသည်ကို မြင်သည်နှင့် အရှေ့သို့ ထွက်ကြည့်လာပြီး ကြက်များမှာ ဖမ်းရန်မလွယ်ကူကြောင်း သိလိုက်ရ၏။

သူစိမ်းများ ရောက်လာ၍ ကြက်ခြံထဲမှ ကြက်များသည် အမြန်ပျံပြေးကုန်၏။ ကြက်ခြံသည် ကြက်မစင်၊ အမွှေးများနှင့် ပြည့်နှက်နေပြီး ကြက်များ ပျံပြေးသည်နှင့် ထိုအရာတို့မှ လိုက်၍ ဝဲပျံလာပြီး အနံအား ပိုဆိုးရွားသွားစေသည်။

ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့ အော်ဟစ်လိုက်မိ၏။ ကြက်ဖမ်းရတာ တကယ်ခက်တာပဲ။

ယိုရှင်းယွီပါ ဝင်သွားသည်ကို တွေ့သည်နှင့် ကော်ယွမ်ခိုင်လည်း နှုတ်ခမ်းများကို တင်းကြပ်စွာစေ့ပြီးနောက် သူပါ လိုက်ဝင်သွားတော့၏။ သို့ပေမယ့် ကြက်များသည် လူများများဝင်လာသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးကုန်ပြန်၏။ လုယုံရီ ခေါင်းခါရမ်းလိုက်မိသည်။ ကြက်ကို ဒီလိုဖမ်းလို့ ရပါ့မလား။ သူ ကြက်တစ်ကောင်အား တိတ်တဆိတ် ချည်းကပ်လိုက်၏။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now