Part 62

494 93 2
                                    

62 01

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အခန်း-၆၂

ဒါကို ကြား၍ ချင်းထျန်းဟယ်၏ အမူအရာသည် ပိုဆိုးလာခဲ့သည်။

" ဆရာထန်း၊ ဘာပြောတာလဲ? "

ချင်းထျန်းဟယ်သည် ချင်းဇီကို ကြည့်ခဲ့သည်။

" လူဆိုးလေး၊ ဆရာထန်းကို လာတောင်ပန်းလိုက်။ "

ချင်းဇီသည် ထန်းရော့ဟယ်ကို ရိုသေစွာ ဦးညွှတ်ခဲ့သည်။

" ဆရာကြီး ထန်း၊ ဒီနေ့ တစ်ကယ်ကို မပြေပြစ်နေပေမဲ့ ငါ ဆရာကုန်းကို ရှာတွေ့ကတည်းက မင်းကို ကောင်းကောင်း မဧည့်ခံနိုင်တာကို ခွင့်လွှတ်ပါ။ "

ချင်းထျနဟယ် အသက်ရှူကြပ်လုမတက် ဖြစ်သွားခဲ့သည်။

သွား

" မင်း၊ မင်း၊ မင်း......"

ထန်းရော့ဟယ် ဒေါသ မထွက်ခဲ့ပေ။ သူ လှည့်ထွက်သွားခဲ့သည်။ မမျှော်လင့်စွာပင် ဘေးမှ ကုန်းချင်းယောင် ပြောခဲ့သည်။

" မင်းရဲ့ ညာဘက် ခြေ‌ထောက်မှာ ကုသရခက်တဲ့ ရောဂါ ဖြစ်နေတာ ကြာပြီ။ "

အသံ ငြိမ်သွားပြီး ထန်းရော့ဟယ်၏ အမူအရာ ပြောင်းသွားခဲ့သည်။ သူ ကုန်းချင်းယောင်ကို တင်းမာစွာ ကြည့်ခဲ့သည်။

" အသိဉာဏ်မရှိတဲ့ မိန်းကလေး၊ မင်း ဘာကို ဆိုလိုတာလဲ? "

ကုန်းချင်းယောင်သည် ထန်းရော့ဟယ်ကို စကားတစ်ခွန်းတည်းဖြင့် ဒေါသထွက်အောင် လုပ်လိမ့်မည်ဟု ချင်းထျန်းဟယ် မထင်ထားသောကြောင့် သူ ရုတ်တရက် ချင်းဇီကို ပို၍ မကျေနပ်စွာ ကြည့်ခဲ့သည်။

ချင်းဇီသည် ထို မကျေနပ်မှုကို လျစ်လျူရှူခဲ့သည်။

" အဖေ၊ ကြည့်ပါ။ "

ပီတိဖွာသော အမူအရာဖြင့် ချင်းထျန်းဟယ်သည် ချင်းဇီကို ညွှန်ပြခဲ့ပြီး ဘာမှ မပြောခဲ့ပေ။

ကုန်းချင်းယောင်သည် အခုမှ ထန်းရော့ဟာ်ကို ကြည့်လိုက်တော့ တစ်ဖက်က ကုသိုလ်တရားတွေ ပြည့်ဝပြီး ကုသိုလ်တွေ အများကြီးရနေတာကို တွေ့လိုက်ရတော့ သူမ သတိပေးခဲ့သည်။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now