さよなら 僕の愛

126 14 7
                                    

Dear Mr.Yudai ...

ချစ်ရပါသော ကျွန်တော့်ရဲ့မစ္စတာYudaiရေ....

မင်္ဂလာပွဲအတွက်ဂုဏ်ပြုပါတယ်။

ချစ်ရသူကိုပိုင်ဆိုင်ရတဲ့ပျော်ရွှင်မှုကြောင့် ဖြစ်တည်လာတဲ့ခင်များအပြုံးတွေဟာ ကမ္ဘာပေါ်မှာအလှဆုံးဆိုတာ ကျွန်တော်သိပေမယ့် ကျွန်တော့်ဆံနွယ်တွေကိုဖွရင်း ရွှင်မြူးတဲ့ရယ်သွေးသံနဲ့အတူဖြစ်တည်တဲ့နေရောင်အောက်ကအပြုံးလှလှကိုပဲ ကျွန်တော့်နှလုံးသားထဲတစ်သက်စာ မှတ်ထားခွင့်ပြုပါ။

သူ့ကိုခင်ဗျားကတစ်ဘ၀လုံးစောင့်ရှောက်ရမယ့် ဖြစ်တည်မှုလေးလို့ဆိုပေမယ့် ကျွန်တော့်အတွက်တော့ ခင်ဗျားကပိုင်ဆိုင်သမျှအရာအားလုံးနဲ့ရင်းပြီးကာကွယ်ပေးချင်တဲ့ သက်ရှိလေးဖြစ်တယ်။

သူ့နောက်မှာအမြဲတမ်းရှိတဲ့ခင်ဗျားရဲ့နောက်မှာလည်း ထပ်ကြပ်မကွာလိုက်ခဲ့တဲ့ခြေလှမ်းတွေရှိခဲ့ပါတယ်။

သူနေမကောင်းမှာစိိုးရိမ်တက်တဲ့ခင်ဗျားကိုတော့နှာချေရင်တောင်ကျွန်တော်ဟာ ကလေးတစ်ယောက်လိုအနှီးနဲ့ပိုက်ထုတ်ပြီး ပွေ့ဖက်ထားချင်ခဲ့တယ်။

NiKiပြောသလိုကျွန်တော်ဟာ ခပ်ပိန်းပိန်းအချစ်ရူးတစ်ကောင်ပါပဲ။

ကျွန်တော်ခင်ဗျားကိုချစ်တာလည်းမဖုံးကွယ်တက်သလို ဖုံးကွယ်ဖို့လည်းမကြိုးစားပေမယ့် ဘယ်တော့မှတော့ဖွင့်မပြောရဲခဲ့တဲ့သတ္တိကြောင်တဲ့ကောင်လည်းဖြစ်နေသေးတယ်။

ကျွန်တော်တို့ဟာအမွှာညီအကိုဖြစ်နေပါစေဦး ကျွန်တော်ကတော့NiKiလိုမျိုး ချစ်ရသူကိုချစ်ကြောင်းတစ်လောကလုံးသိအောင် ရဲတင်းစွာဖွင့်ပြောဖို့ဆိုတာ ဖြစ်‌နိုင်ချေနတ္ထိ‌။

ဘယ်ဖွင့်ပြောနိုင်မလဲ ခင်ဗျားရယ်...

သူ့ကိုချစ်ခြင်းအပြည့်နဲ့ရွှန်းလဲ့လဲ့မျက်၀န်းတွေနဲ့ကြည့်နေတဲ့ခင်ဗျားရဲ့ စိတ်အကြည်ဓာတ်လေးကိုဘယ်လိုများနှောက်ယှက်ဝံ့မလဲ။

ကျွန်တော်သီဆိုတဲ့အချစ်တေးဟာ ခင်ဗျားနားထဲကိုတော့ နေရခက်ခြင်းနဲ့ကြောင်တောင်တောင်နိုင်ခြင်းကိုremixထားတဲ့ နား၀င်ဆိုးတဲ့အသံတစ်ခုအဖြစ်၀င်သွားနိုင်တယ်လေ။

တစ်စုံတစ်ယောက်ရဲ့အပိုင်ဖြစ်တော့မယ့်သူဆီကို ခံစားချက်တွေအကုန်ဖွင့်အံချလိုက်တဲ့စာတစ်စောင်ပို့ရတာ မျက်နှာပူစရာကောင်းပေမယ့် ချရေးလိုက်ပြီးပြည်ဖုံးကားချလိုက်မယ့်ခံစားချက်တွေပဲမို့ ကျွန်တော်ခဏလောက် လူ့ကျင့်၀တ်တွေကိုမေ့ထားလိုက်လည်း အဆင်ပြေတယ်မလား။

ကျူးလစ်ဝါဝါတွေဟာကျွန်တော့်ရဲ့ တစ်ဖက်သတ်အချစ်ကိုကိုယ်စားပြုနိုင်လောက်ပါရဲ့။

အဝါရောင်ကျူးလစ်တွေရယ် Daffodilပန်းတစ်ချို့နဲ့အတူ ဒီစာရောက်လာတဲ့အခါမှာကျွန်တော်ကတော့ ခင်ဗျားနဲ့ခင်ဗျားချစ်ရသူရှိတဲ့ ကိုရီးယားမြေကိုစွန့်ခွာလို့ မွေးရပ်နိုင်ငံကိုအရင်‌ပြန်ရောက်လောက်နေပါပြီ။

အရောင်ခြယ်တဲ့ချစ်ခြင်းမေတ္တာဟာ လိုချင်တဲ့သူဆီကမှမဟုတ်ရင် လက်ခံသူအတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာ ကြောင်တောင်တောင်ခံစားချက်‌တွေသာဖြစ်ကြောင်းလည်းကျွန်တော်နားလည်တာမို့ ခင်ဗျားကိုတစ်သက်လုံးချစ်နေမယ့်ကျွန်တော့်ကိုတော့ ဒီဘ၀မှာနောက်ထပ်မမြင်ရအောင် ကျွန်တော်ကရှောင်ရမှာပေါ့လေ။

ဖွင့်ဖတ်ခြင်းခံရ‌လေ့မရှိတဲ့ DMကစာအ၀င်တစ်ခုထဲမှာတော့ October 21 ည ၁၂နာရီအတိတိုင်း၀င်လာတက်တဲ့ မွေးနေ့ဆုတောင်းတွေထပ်ပြီးမရှိလောက်တော့ပါဘူး။

ခင်ဗျားရဲ့အခင်ဆုံးညီလေး NiKiကခင်ဗျားတို့လက်ထပ်ပွဲကိုမတက်နိုင်တာကိုလည်းကျွန်တော့်ကိုပဲအပြစ်တင်လိုက်ပါတော့။သူကသူ့ရဲ့အသည်းကွဲ‌နေတဲ့အမွှာအစ်ကိုကိုစိတ်မချဖြစ်စေတဲ့အထိ ကျွန်တော့်ပုံစံဟာကြည့်မကောင်းနေပုံပါပဲ။

၀မ်းနည်းစရာပါပဲ စစ်မှန်ပေမယ့် အသိအမှတ်ပြုမခံရတဲ့မေတ္တာတွေထဲ ကျွန်တော့်အချစ်လည်းအပါအ၀င်။

ဒါပေမယ့် နှလုံးသားဟာနာကျင်ခြင်းကိုအသားတကျဖြစ်နေပြီမို့ ခင်များကိုသာဆက်ချစ်နေခဲ့ဖို့ရွေးချယ်တယ်။

အချစ်ရေ ခင်ဗျားကိုကျွန်တော်ချစ်ခဲ့ပါတယ်၊ချစ်ပါတယ်...

အတိတ်ကရော...အခုရော...နောင်ရော...

ကျွန်တော့်ရဲ့ သွေးကြောတစ်ခုချင်းစီထဲကစလို့ နှလုံးသားတစ်ခုလုံးအထိ....

from

Jo Asakura

11/9/2023 (Mon)

You've reached the end of published parts.

⏰ Last updated: Sep 14, 2023 ⏰

Add this story to your Library to get notified about new parts!

𝖳𝖧𝖤 𝖫𝖤𝖳𝖳𝖤𝖱Where stories live. Discover now