2

150 21 2
                                    

အလင်းရောင်မြမြလေး မျက်နှာပေါ်လာကျချိန် မျက်လုံးညိုတွေကိုဖွင့်လိုက်တာနဲ့ မြေသင်းရနံ့လေးကို နှာဖျားမှာခံစားရတယ်။

ညတုန်းကအိမ်မပြန်ပဲနဲ့ ကိုယ့်အခန်းထဲမှာပဲအိပ်တဲ့တစ်ယောက်သောသူကတော့ ကုတင်ပေါ်မှာအိပ်မောကျနေလိုက်တာများ မြင်နေရတဲ့မျက်ခွံမို့မို့လေးမှာမလှုပ်မရှပ်။
အိပ်နေတဲ့အချိန်ဆို လူဆိုးလေးကနေ အဖြူထည်လေးအဖြစ်ပြောင်းလဲသွားသလိုမျိူး ကြည့်မဝနိုင်အောင်နူးညံ့လွန်းပါတယ်။

*The phone ringing

ရုတ်တရက်ဖုန်းသံကြောင့် လှုပ်ရှားလာတဲ့နီခီက မျက်လုံးတွေကိုအပြည့်အဝမဖွင့်ပဲ မျက်မှောင်ကိုကြုံ့လို့ ဖုန်းကိုကောက်ကိုင်လိုက်တယ်။

"အင်း..."

"ဟယ်လို နီခီ!!"

"........."

"ရားး ဒီနေ့ကောကျောင်းမလာဘူးလား ဆရာက မင်းအတွက် Warning ထုတ်တော့မယ်တဲ့!!"

"Bor? ကျောင်းပျက်တာတောင်ဘယ်လောက်မှမရှိသေးဘူး!"

"ဟုတ်လား ဟားဟား! ငါတောင်မင်းရုပ်ကိုမမှတ်တော့ဘူး"

သူဘာမှပြန်မပြောတော့ပဲဖုန်းကိုချပြီး ကုတင်ပေါ်ကနေထထိုင်လိုက်ရင်းက အပေါ်ဝတ်အင်္ကျီကိုယူကာ ပြန်ဖို့ပြင်တယ်။ထိုင်ခုံပေါ်ကနေ သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတဲ့ဆောနူကတော့ နဂိုတိုင်းငြိမ်သက်နေတုန်းပဲ။

"အာ ဂင်မ်ဆောနူ ငါသွားပြီနော်"

အမြဲလုပ်နေကျအတိုင်း...
ရုတ်တရက်ဆန်ဆန်လျစ်လျူရှုမှု!

မင်းကိုလိုအပ်တယ်လို့ပြောရင်း မလွန်ဆန်နိုင်အောင်ပွေ့ဖက်ထားခဲ့ပြီးမှ တခဏအတွင်းမှာပဲ သူ့စိတ်တိုင်းကျ ပေါ့ပေါ့တန်တန်ထွက်သွားခဲ့ပြန်ပြီ။
သူလိုအပ်ချိန်တိုင်း ဖြည့်စည်းပေးမယ့် ကျွန်တော့ရင်ခွင်က သူ့ခံစားချက်တွေပေါ်မှာမူတည်ပြီး တစ်ခါလေတော့လည်း ရှင်သန်လှုပ်ရှားရတာပဲ...
ဒီတစ်တင်္္ဂလေးမှာ ခံစားချက်တွေကိုပန်းရိုင်းလေးလိုလွှင့်မြှောထားလိုက်ပေမယ့် ရုတ်တရက်ဆန်ဆန် ဖြေရှင်းချက်မရှိပဲအရေးမစိုက်ခံရချိန်ဆို အောင့်သက်သက်ခံစားချက်က ရင်ခွင်ဆီကို ညိုးနွမ်းစွာထိုးစိုက်ဝင်ရောက်လာပြန်တာလည်းအကြိမ်ကြိမ်ရယ်နဲ့...

CLOUD // SUNKIWhere stories live. Discover now