3

119 17 0
                                    

အချိန်ရှိတိုင်းကြိုးစားနေပါရက်နဲ့ ဒီတစ်ခေါက်လည်းအလုပ်အင်တာဗျူးကထပ်ကျပြန်ပြီ...
ဒီလိုမျိုးညမီးရောင်အောက်ဦးတည်ချက်မရှိမျှောနေတဲ့ကိုယ့်ကိုယ်ကိုယ်လည်း ဘာတွေလုပ်နေမိမှန်းမသိတော့ဘူး။

အရာအားလုံးကခြားနားစွာလည်ပတ်နေတဲ့တိုင်အောင် နွေဦးရဲ့ဖြစ်တည်မှုကလူတိုင်းအတွက်ချစ်စဖွယ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဂင်မ်ဆောနူ သူ့အတွက်တော့မတူခဲ့ဘူး။
ခြောက်ကပ်ကပ်နေ့ရက်တွေကို အထီးကျန်ဆန်ဆန်ချန်ရစ်လို့ထားရင်း တစ်ဖန်ပြန်ရောက်လာတတ်တဲ့ဒီနေ့ရက်တွေကပဲ ကျွန်တော့ရဲ့တွယ်ငြိရာလေးဆီကို အတွေးစတွေအဖြစ်ထိတွေ့စေနိုင်တာ။

သူ့အရှေ့ရောက်ရင် စိတ်ပြတ်ပြီးသားလူတစ်ယောက်လိုမျိုးဟန်ဆောင်နေမိပေမယ့် အခုထိရုန်းမထွက်နိုင်သေးတာကို ငါကလွှဲပြီးဘယ်သူသိမှာလဲ။

ခြေလှမ်းတွေဆက်လှမ်းလာရင်းကပဲ စိတ်အခြေအနေကြောင့်တွေ့ရာအရက်ဆိုင်ထဲ ခြေဦးလှည့်ကာဝင်သွားလိုက်တယ်။

"ဟောလ် ဂင်မ်ဆောနူ? ဟုတ်သားပဲ"

ဆောနူ လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ သူ့ကိုခေါ်ကာလက်ပြနေတဲ့ဝိုင်းထဲကတစ်ယောက်ကို စိတ်ပျက်စွာမြင်လိုက်ရတယ်။
အခုလိုမျိုးကျောင်းတုန်းကအသိတွေနဲ့ ပြန်ဆုံရင်စိတ်မပါလည်းအလိုက်အထိုက်နေပြရဦးမယ်မလား သိပ်တောင်မခင်ခဲ့ပဲလေ..

"ဟိုင်း မတွေ့တာကြာပြီနော်"

ဆောနူ ပြုံရုံလေးပြုံးရင်းက သူတို့ဝိုင်းနားသွားပြီး တာဝန်ကျေနှုတ်ဆက်ပြလိုက်တယ်။

"တစ်ယောက်ထဲလား ငါတို့နဲ့အတူတစ်ခွက်လောက်သောက်ရအောင်လေ"

"အာ ရပါတယ် ငါ..."

"အားနာမနေပဲနဲ့ ဒီတိုင်းထိုင်ပါ"

ပြောပြောဆိုဆိုပဲ ဂန်မင်းဆိုတဲ့တစ်ယောက်ကထပြီး ဆောနူရဲ့ပုခုံးတွေကိုအနောက်ကနေကိုင်ကာထိုင်ခိုင်းလာတော့ သူလည်းမငြင်းသာတာနဲ့ထိုင်လိုက်ရတယ်။

"ဆောနူကအရင်တိုင်းပဲနော် အခုကောဘာတွေလုပ်နေလဲ"

ဆောနူဦးနှောက်ထဲနာမည်တောင်မမှတ်မိတော့တဲ့ အတန်းဖော်သူငယ်ချင်းတစ်ယောက်က သူ့ကိုအရက်ငှဲ့ပေးရင်းမေးလာတယ်။

CLOUD // SUNKIWhere stories live. Discover now