Part 9

1.2K 118 7
                                    

(Unicode)

တီတီ.....တီတီ.....တီတီ....

အချိန်မှန်စွာထမြည်နေတဲ့နှိုးစက်သံကြောင့် ခရာအိပ်ချင်နေပါသော်လည်းဆက်အိပ်လို့မရပေ။သူမပိတ်မခြင်းမြည်နေမဲ့နှိုးစက်လေးအား ခရာအိပ်ချင်မူးတူးဖြင့်သာအိပ်ရာဘေးမှစမ်းယူလိုက်၏။လက်ထဲပါလာတဲ့နှိုးစက်အားပိတ်ပြီးသည်နှင့် နာရီအားကြည့်မိတော့သတ်မှတ်ထားတဲ့အချိန်ထက်နာရီဝက်ပင်နောက်ကျနေပြီဖြစ်သည်။

ဆက်ပြီးအိပ်ချင်သော်လည်း မထလျှင်မရသည့်စိတ်ကြောင့်ခရာအိပ်ရာကသာ လူးလွန့်ပြီးထလာခဲ့ရသည်။အိပ်ရာပေါ်တွင်ခရာထိုင်ပြီး မျက်လုံးများအားပွတ်သပ်နေတုန်း ညကကိုင်းအကြောင်းကိုပြန်တွေးတောမိပြန်သည်။

ညကခရာလွန်သွားသည်လားပင်မသိ၊သူ​နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ကိုင်းကြမ်းပြင်မှာဒူးထောက်လျက်သားဖြင့် အချိန်အတော်ကြာသည်အထိငြိမ်သက်နေခဲ့ပြီးမှ ဘာမပြောညာမပြောနဲ့အခန်းထဲကထွက်သွားပေးရဲ့လေ။ကိုင်းအကြောင်းစဥ်းစားမိပြီး တစ်ဖက်အိမ်ကကိုင်းရှိရာအခန်းသို့သာကြည့်မိရာ ပိတ်လို့ထားတဲ့မှန်တံခါးတွေအား အတွင်းမှအနက်ရောင်ခန်းစီးကြီးတွေဖြင့်ကာလို့ထားတာကြောင့် ခရာဘာကိုမှမမြင်ခွင့်မရပါ။

လူအရိပ်အယောင်တောင်မမြင်ရမည့်အတူ ခရာဆက်၍မကြည့်တော့ဘဲ သင်တန်းသို့သွားရန်သာရေမိုးချိုးပြင်စရာရှိတာပြင်ဖို့လုပ်တော့သည်။

"ဘွားဘွား...သားလဲဗိုက်ဆာပြီ"

ဒေါ်လဝန်းရိပ်မနက်စာပြင်ဆင်နေတုန်း စားပွဲမှာဝင်ထိုင်ပြီးပြောလာတဲ့သစ်သွေး​လေးအား လက်ထဲမှာယူလာတဲ့မုန့်ပန်းကန်တွေချပြီး ပါးပြင်နုနုလေးကိုသူမအားပါးတစ်ရနမ်းရှိုက်လိုက်၏။ပြီးမှ...

"ဦးဦးကိုအရင်သွားခေါ်အုံး"

"ဟုတ်ဘွားဘွား"

သစ်သွေးလေးခရာ့ကိုသွားခေါ်ရန်ထိုင်ခုံကအထ ခရာလည်းထမင်းစားခန်းဆီသို့အချိန်ကိုက်ရောက်လာသည်ကိုမြင်ပြီး....

"ဦးဦးလာပြီ"

ခရာရှိရာသို့လက်ညိုးလေးထိုးပြပြီးသာ သူ့နေရာသူပြန်ထိုင်လေသည်။

UncleWhere stories live. Discover now