Part (12)

1.5K 130 8
                                    

(Unicode)

"ဟင်း...."

နားထဲသို့တစ်ချက်တစ်ချက်တိုးဝင်လာတဲ့ပြင်းပြတဲ့အသက်ရှုသံတွေက အိပ်မက်တစ်ခုမက်နေသည့်အလား။မျက်လုံးများကိုခရာတဖြည်းဖြည်းခြင်းဖွင့်ကြည့်သည်နှင့် ကစားနေခဲ့တဲ့ကလေးတွေအစားသူမြင်လိုက်ရသည်က ပိတ်လို့ထားတဲ့ကားတံခါးကိုသာ။ပြင်းပြတဲ့အသက်ရှုသံကလည်း ခရာ့အနောက်မှလာလေရာ နိမ့်ချည်မြင့်ချည်နဲ့သူ့ကျောပြင်ကိုတစ်စုံတစ်ရာလာထိတွေ့နေသလိုခံစားရပြီး သူ့ခါးကိုလည်းချုပ်နှောင်ခံထားရသလိုသာဖြစ်နေခဲ့သည်။ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိသဖြင့် ခရာသူ့မျက်လုံးတွေကိုသာပွတ်သပ်လိုက်ပြီး သူ့အားချူပ်ထားသည်နေရာကိုငုံ့ကြည့်လိုက်ရာ သူ့ခါးအားအနောက်မှသိုင်းဖက်ထားသည့်လက်တစ်စုံကိုမြင်လိုက်ရ၏။

ထိုလက်တွေကိုမြင်တာနဲ့ တအံတသြဖြင့်အနောက်သို့ပြန်လှည့်ကြည့်လိုက်ရာ အလုံပိတ်ထားတဲ့ကားမှန်ကိုမှီပြီးအိပ်နေတဲ့လူကြောင့် ခရာအလန့်တကြားဖြင့်သာသူ့ပေါ်မှီအိပ်နေခဲ့မိတဲ့ ခရာ့ကိုယ်ကိုခွာရန်ကြိုးစားမိတော့သည်။

"အင့်....ကိုင်းနမိတ်"

ခရာ့ကျောပြင်နဲ့ ကိုင်းရင်ဘက်တွေလှစ်ဟာသွားခါနီး ကိုင်းတစ်စက္ကန့်မျှကွာဟမခံဘဲ ခရာ့ခါးမှပြန်ဆွဲချလိုက်သည်။
သူ့ရင်ဘက်တွေနဲ့ခရာ့ကျောပြင်ပြန်ထိကပ်သွားမှ ခရာထပ်ရုန်းမရအောင်လက်တွေကိုပါချုပ်ပြီး အနောက်မှသိုင်းဖတ်ထားလိုက်၏။

"Uncle..မှတ်မိသေးသားဘဲ"

မှိတ်လို့ထားတဲ့မျက်လုံးတွေကိုမဖွင့်သေးတဲ့ကိုင်း တည်ငြိမ်စွာဘဲပြောလာသည်။ခရာအတင်းရုန်းကန်ချင်ပါသော်လည်း လှုပ်ရှားလို့မရတဲ့ခြေထောက်တွေကြောင့်အခက်တွေ့ရပြီး လက်တွေပါချုပ်ထားခြင်းခံနေရသဖြင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ချေ။
လူကလှုပ်ရှားရုန်းကန်လို့မရတာကြောင့်...

"ဘာအရူးထတာလဲ ငါ့ကိုလွှတ်စမ်းကိုင်းနမိတ်"

"အရူးထတာမဟုတ်ဘူး..ခင်ဗျားကြီးကို ခိုးလာတာ"

"သွားသေလိုက်"

"ပူပူနွေးနွေးခိုးလာတဲ့Uncleယောကျာ်းကို...Uncleဒီလိုဘဲပြောတက်တာလား"

UncleTempat cerita menjadi hidup. Temukan sekarang