Part[3]

615 41 4
                                    

စွဲလမ်းမှုလှလှလေးနောက်ကို အပြင်းအထန်ပြေးနေမိတယ် အရှိန်ထိန်းမရနိုင်အောင်ပေါ့

ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ မေမေကိုကျောင်းကကိစ္စအားလုံးပြောပြခဲ့တယ် ဘာလုပ်လုပ်မေမေကိုပြန်ပြောကတာ တိုင်ပင်ကတာကျွန်တော်ရင်ထဲအစိုင်အခဲမှန်သမျှမရှိတော့သလိုဘဲ

ဒါမဲ့ တစ်စုံတစ်ယောက်အကြောင်းကိုတော့တစ်ခါမှမထင်မချန်ဘူးတဲ့ကျွန်တော်ကမပြောပြဘဲထင်ချန်မိတယ် ကျွန်တော်ရိုးသားပါတယ်

ရှေ့မှာကားသံကြားတယ် မမအလုပ်ကပြန်လာပြီထင်တယ် ဒါနဲ့ဧည့်သည်ပါပါတယ်အိမ်ကိုမခေါ်စဖူးမမဘယ်သူတွေခေါ်လာလဲ ဆင်းကြည့်ရမယ်

"‌မေမေမောင်သေးသေးကော ဘယ်မှာလဲကိုယ့်အစ်မပြန်လာတာတောင်မကြိုဘူးနော်တကယ်စိတ်ပုတ်လေး"

"လာပါပြီဗျာကျွန်တော်လာပြီဗျာ မမကိုဒီနာမ်စားမခေါ်ပါနဲ့ဆိုစိတ်မပုပ်ပါဘူးကျွန်တော်မမအတွက် ရေအေးအေးလေးအိမ်နောက်မှပြေးယူနေလို့ပါဗျာ"

"ချစ်စရာသေးသေးလေး မမရဲ့အချစ်သည်းကျော်လေးကိုချစ်လို့စတာပါနော်"

မေမေကတော့ဒီချစ်စရာသားနဲ့သမီးသူ့အနားမှာအမြဲရှိရင်သူ့အတွက်ပျော်ရွှင်မှုဆိုတာနောက်ထပ်မလိုအပ်တော့သလိုအပြုံးမျိုးနဲ့ကြည့်နေခဲ့တယ်

"မေမေသမီးမိတ်ဆက်ပေးမို့ ဒါအလုပ်ကသမီးရဲ့အထက်မန်နေဂျာပါP' Winခေါ်တယ်မေမေ သမီးကိုအိမ်လိုက်ပို့ပေးတာ"

ကျွန်တော်အထင်မှန်သားဘဲမမရည်းစားမဖြစ်နိုင်ဘူးဆိုတာ ဒီအစ်ကိုကြီးကအရမ်းချောတယ်လေ မမကချစ်သူရမှာလဲမဟုတ်တော့ဘူး တစ်ယောက်ထဲစိတ်ထဲပြောရင်း ပျော်နေသူတစ်ဦးရှိသည်

"သမီးကကြိုမပြောဘူး ဧည့်သည်ကိုအားနာစရာသားရေ အလုပ်‌မှာအန်တီသမီးလေးကိုကူညီပါကွယ်သင်ပြစရာရှိတာသင်ပြပေးပါအုန်းရှင်"

မေမေကထိုဧည့်သည်နှင့်စကားအကြာကြီးပြောပြီးသော်အားလုံးပြီးသွားမှဘဲ ကျွန်တော်အောက်ထပ်ဆင်း၍ညစာတူတူစားကြသည်
_________________________________________________

I need love, don't throw me away (Complete)Where stories live. Discover now