Part [19]

622 44 25
                                    

ကျောင်းတက်ဖို့ရန် ဒီနေ့မှ Norawit တစ်ယောက်အိပ်ယာထနောက်ကျတာထက် ပိုအရေးကြီးတာက ချစ်သူလေးကို ကျောင်းတူတူသွားမယ်ပြောထားသောကြောင့်ဖြစ်သည်။

"တီ....တီ.. လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့် ထပ်မံခေါ်ဆိုပါ ။ဖုန်းကိုင်ပါ သည်းငယ်ရေ စိတ်ကောက်နေပြီထင်ပါတယ်"

ခုချိန်ထိ ကောင်လေးတစ်ယောက်က လိုင်းပေါ်ကပျံ့နှံ့နေတဲ့ ဂယက်တွေမသိသေးပါ။ သူသိသည်ကသူ့ကောင်လေး ဖုန်းမကိုင်တာကြောင့် ပိုစိုးရိမ်နေသည်။

"Nattawat ရေလူကသာဖုန်းကိုမကိုင်ချင်တာ မျက်နှာကြီးကဖုန်းထဲလည်းဝင်သွားအုန်းမယ်"

မကိုင်ဘူး၊မသိဘူး၊မကြားချင်ဘူး ခုချိန်ကိုကို့ဆီက ကျောင်းကိုအရင်ပုံမှန်သွားနေကြချိန်ထက် သူပိုစောစောထွက်ခဲ့သည်။ ဟိုလူဆိုးကြီးကို မတွေ့ချင်လို့ စားပွဲဆိုပြီးမဂ်လာပွဲထိပါတက်နေလိုက် ခင်ဗျားကိုစိတ်ဆိုးတယ်။

Tang တစ်ယောက်ကျောင်းခန်းရဲ့ပြတင်းပေါက်ဘက်မှာ ထိုင်ရတာမို့ သူ့ရှေ့ကဆရာကလဲစာသင်နေတာမို့ အာရုံစိုက်နေတုန်း ဘေးအပေါက်ကနေလက်ကြီးထွက်လာကာဆွဲထားတာမို့ အော်မိတော့မလို့ ရုပ်မြင်မှဟိုအစ်ကိုကြီးမှန်းသိလိုက်ရသည်။ နှလုံးရပ်ပြီးသေတော့မယ် ဒင်းတို့အတွဲကြားနေရတာ ။ သူ့လက်ကိုကုတ်ပြီး Nattawat ကိုခေါ်ခိုင်းသော‌ကြောင့် ခေါင်းညိတ်ပြလိုက်ရသည်။

"Nattawat ..."

"ဘာလဲ စာသင်နေတယ်လေ ဆရာသိရင်ဆူခံရလိမ့်မယ်ငြိမ်ငြိမ်နေ"

"မင်းလင် မင်းလင်ငါ့ကိုခေါ်ခိုင်းလို့ "

သူ့သူသယ်ချင်းပြောမှ သူပြတဲ့နေရာကြည့်လိုက်ရာ ကျောင်းပြတင်းပေါက်အောက်လေးမှာ နှင်းဆီပန်းအဖြူလေးကိုင်ပြီး ငုံ့တုတ်လေးထိုင်နေသောကိုကို။ သနားစရာကောင်းအောင် လာလုပ်ပြနေတယ် အတန်းသွားမတက်နဲ့ တက္ကသိုလ်ကကျောင်းသားတွေ ဒီလိုဘဲအားယားနေသ့လား။

"လာငါနဲ့မင်း နေရာပြောင်းထိုင်လိုက်"

"ဘာလာလုပ်တာလဲ အခုမှ"

သူ့အသံကြားတာနဲ့ ကိုကိုကမန်းကတန်း ထလာသည်။ သူ့ကိုလည်းပြုံးပြနေတာဆိုတာ တကယ်အပြစ်ကင်းစင်နေတဲ့အပြုံးလေးပေါ့ ။မရဘူးနော် ဒီတစ်ခါအကြီးကျယ်စိတ်ဆိုးပစ်မှာ ကိုကိုကို့ ။ကိုကိုကသူ့လက်လေးကိုဖွဖွဆွဲကာ တိုးတိုးလေးပြောရှာသည်။

I need love, don't throw me away (Complete)Where stories live. Discover now