ဘူတာရုံအောက်ကနေ အပေါ်ထပ်သို့ပြေးလာတဲ့လူငယ်တစ်ယောက်
ပုံစံမှာလောနေပုံရသည်။ လက်ထဲတွင်လဲ ဖိုင်လုံးတစ်ခုသာရှိပီး ဖုန်းလေးကိုကိုင်လျှက် ဘေးလွယ်အိတ်အမဲလေးကိုလွယ်ထားခြင်းပင်
" တီ............... "
" အားးးးးးး "
BMW ကား အမဲရောင်အောက်တွင် အပုံလိုက်လေး ပြုတ်ကျသွားလျှက်
ကား Driver က ထွက်လာပီး ထို့သို့မေးလာသည်။
" ရရဲ့လား ဗျ တောင်းပန်ပါတယ် "
" ဒီမှာ ခင်ဗျား မီးနီနေတာ လူလိုမသိဘူးလား "
" သိတော့ သိပါတယ် ဒါပေမဲ့ .... "
ထိုစဉ်ကားပေါ်က Suit အပြည့်နဲ့ လူငယ်ဆန်ဆန် ခပ်ထွားထွားတစ်ယောက် ၊ အသားအရည်မှာလဲ နိုင်ငံခြားသားအရှုံးပေးရလောက်အောင်ဖြူစွပ်နေခဲ့ပီး ပုံစံမှာလဲ ခပ်မိုက်မိုက် ၊ ဆံနွယ်များကလဲ နက်မှောင်ကာ အရှည်အုပ်အုပ်လေးဖြစ်နေသည်။
ထိုသူက လမ်းမပေါ်လဲကျသွားတဲ့ လူတစ်ယောက်ဆီသို့ တည့်တည့်မတ်မတ်ဆင်းလာသူ
နာမည်မှာ ဆိုးဂျောင်ဟွမ်ပင်
" ကဲ ပြော.. ဘယ်လောက်လိုချင်လဲ ဘယ်လောက်လျော်ပေးရမလဲ "
" ဒီမှာ.. ခင်ဗျားက ဘယ်သူလဲ .. နဲနဲလေးတောင်လူ့ကျင့်ဝတ်မသိဘူးလား ၊ မတောင်းပန်တတ်ဘူးလား "
" ဟင့်အင်း ကျန်တာ စိတ်မဝင်စားဘူး , ငါ့မှာအချိန်မရှိဘူး ဘယ်လောက်လျော်ပေးရမလဲသာပြော "
" ဘာ " အံ့ဩတကြီးနဲ့ သူ့ဟာသူပင် အားကိုးကာ မတ်တပ်ထရပ်လာပီး
" ဟုတ်တယ် ကဲမြန်မြန်ပြော "
" ဖြောင်း "
လက်ဖြန်တစ်ခုဟာ ပါးပြင်ပေါ်သို့ပင် ပြင်းထန်လှတဲ့ ရိုက်ချက်တစ်ခုကျရောက်သွားခဲ့သည်။
ရိုက်ခံရသည့်သူမှာ ပါးတစ်ခြမ်းလုံးရဲလျှက်
ပါးဇောင်ကို လျှာနဲ့ထိုးကာ ရိသဲ့သဲ့အသံဖြင့်
" ခင်ဗျား ကျုပ်ပါးကိုရိုက်တယ် "
" ဟုတ်တယ်.. ရိုက်တယ် မင်းလိုလူအတွက် တန်ကြေးပဲ "
![](https://img.wattpad.com/cover/352445771-288-k353141.jpg)
YOU ARE READING
KISS ME BABY ( YOHWAN ) Complete
Fanfictionခေါ်လာတဲ့ နေ့ထဲက မင်းမှာအိမ်ပြန်လမ်းဆိုတာမရှိဘူး