ဟွမ် တစ်ယောက် ရေချိုးခန်းထဲက Bathrobe ပတ်ပီးထွက်လာပီး ကုတင်ပေါ်သို့ကြည့်လိုကတော့ ယိုရှီမရှိနေပေ။
" ခွမ်းးးးး ခွက် "
Kitchen ထဲ ပြေးဝင်တော့ ဖန်ခွက်ဟာ အစိတ်စိတ်အမွှာမွှာဖြစ်ပီး မြေပြင်ပေါ်မှာပြန့်ကျဲနေလျှက် ပင်... ထိုင်ရက် လက်ချောင်းလေးကို စုပ်နေတဲ့ ယိုရှိကို သူတွေ့ပီးပြေးအလာ
" မကောက်နဲ့... ဆက်မကောက်နဲ့တော့ , မင်းလက်ဘာဖြစ်သွားလဲ ကိုယ့်ကိုပြ "
ယိုရှီ့လက်ကလေးကို ဟွမ်တစ်ယောက် အလျှင်အမြန်ကောက်စုပ်လိုက်ပီး အာငွေ့ပေးနေပြန်တော့ ယိုရှီတစ်ယောက် ဟွမ့်အား စူးစူးစိုက်စိုက်ကြညိ့နေမိသည်။
" မင်း ဘာလာလုပ်တာလဲ ဒီနေရာကို "
" ဟို... ရေ ရေဆာလို့ ၊ အခုကွဲသွားတဲ့ဟာလဲ ငါပြန်လျော်ပေးမှာပါ "
" ဘယ်ကပိုက်ဆံနဲ့ လျော်ပေးမှာလဲ "
" ရှိပါတယ်.. "
" ဒီခွက်က မင်း ဆယ်ဘဝ ပိုက်ဆံရှာပီး ပြန်ဝယ်ရင်တောင်မရဘူး "
ဟွမ့်ရဲ့ ပူပူနွေးနွေးဒေါသစကားကြောင့် မျက်နှာလေးချက်ချင်းညိုးကျသွားကာ မျက်တောင်လေးတွေဟာအောက်သို့စိုက်သွားတော့သည်။
ဟွမ်သိသည်။ သူ့စကားကြောင့် ယိုရှီစိတ်မကောင်းဖြစ်သွားသည် ဆိုတာကိုပင် ။ မျက်နှာလေးညိုးငယ်နေတာတွေ့တော့ စိတ်ထဲ တစ်မျိုးဖြစ်ရပြန်သည်။
" ဒီခွက်က မေမေ ကိုယ်တိုင် လုပ်ပေးခဲ့တာမို့လို့
ရှာပီးဝယ်လို့မရဘူးလို့ပြောတာပါ "
" အော်...အဲ့တာဆို ငါတောင်းပန်ပါတယ် ငါ့ကြောင့် "
" မဟုတ်ဘူး ရတယ် မင်းလက်သက်သာဖို့ပဲလိုတာပါ ဆေးထည့်ပေးမယ်နော် "
စကားတွေများနေတာကြောင့် သတိလက်လွတ်ဖြစ်သွားပီး ယိုရှီရဲ့လက်ချောင်းဖောင်းဖောင်းလေးဟာ ဟွမ်တစ်ယောက် ဆုပ်ကိုင်ထားဆဲပင်
" ဟို... ငါ့ ငါ့လက်လေး.. "
" အော်.. sorry "
လက်ကိုချက်ချင်းလွှတ်ချပီးပီးချင်း နားရွက်တွေရဲလာတာကတော့ လုံးဝအသိသာပင် ၊ ညာမရ ။
YOU ARE READING
KISS ME BABY ( YOHWAN ) Complete
Fanfictionခေါ်လာတဲ့ နေ့ထဲက မင်းမှာအိမ်ပြန်လမ်းဆိုတာမရှိဘူး