7

226 39 8
                                    

"မင်းသမီးလေးကိုပြန်ပြီးရှာတွေ့ခဲ့အတွက်ဝမ်းသာမိပါတယ် မင်းကြီး"

ဝမ်ချန်းပလ္လင်ပေါ်ထိုင်ထိုင်ချင်းမှာကြားရတဲ့စကား
မင်းသမီးလေးကိုတွေ့ခဲ့ကျလို့ဝမ်းသာမိတယ်လို့ပြောနေကျတဲ့အမတ်တွေကသူတို့စိတ်ရင်းဟုတ်လားမဟုတ်လားတော့မသိ

"ဒါနဲ့များ မင်းသမီးလေးကိုခေါ်ထားတဲ့ပုန်ကန်သူကိုရောဘယ်လိုစီစဉ်မှာလဲမင်းကြီး"

"ပုန်ကန်သူ ဘယ်သူက အခုငါ့ကိုအရွဲ့တိုက်ပြီးပြောနေတာမလား"

ဒီအထဲကအမတ်တွေထဲမှာဝမ်ချန်းကိုမကျေနပ်တဲ့သူကတစ်ဝက်လောက်ပါဝင်သည်
နန်းပြင်မှာထွက်ပြီးတစ်သီးတစ်သန့်နေနေတဲ့ စာပေကိုစိတ်နှစ်ထားတဲ့ခပ်ရိုးရိုးပထမမင်းသားကြီးကိုနန်းမြှောက်ပြီး တိုင်းပြည်ကိုလိုချင်သလိုချယ်လှယ်ချင်ပေမဲ့အခွင့်အရေးမရလိုက်သူများအပါအဝင်

တိုင်းပြည်ဧကရာဇ်ရဲ့ ဆွေတေယ်မျိုးတော်ဆိုတဲ့နေရာကိုလိုချင်ပြီးမရလိုက်တဲ့သူတွေလဲပါသည်
ဒါ့အပြင်အရင်မင်းကြီးလက်ထက်ကလူယုံတွေ

"မောင်ရင်တို့ကဘာလို့ငါ့အတွက်စိတ်ပူနေတာလဲ
မင်းသမီးပြန်လာတော့ မင်းသမီးကအိမ်ရှေ့စံမင်းသမီးဖြစ်ရမှာပဲ"

"မင်းကြီး ဘယ်လိုပဲဖြစ်ဖြစ်မင်းသမီးလေးကတော့တိုင်းပြည်တစ်ခုကိုဆက်ခံမဲ့သူဖြစ်ဖို့မသင့်တော်တာမို့ အမြန်မိဖုရားတင်မြှောက်ပြီးသားတော်လေးဖွားမြင်တော်မူပါ..!"

"တိတ်စမ်း! မင်းတို့ကိုကန့်ကွက်စရာအကြောင်းရှိလားလို့မေးမိလား"

ခန်းမကြီးတစ်ခုလုံးကတိတ်ဆိတ်သွားသည်ဝမ်ချန်းလဲဆက်လက်ပြီးဘာမှပြောဖို့အစီအစဉ်မရှိ

"ငါ့သမီးတော်ကိုမင်းသမီးဘွဲ့အပ်နှင်းမယ် နက္ခတ်တာရာပညာ‌ရှင်တွေတွက်ချက်ပြီးတာနဲ့ ရက်အတိအကျသတ်မှတ်မယ်"

နောက်ဆုံးအထိပ္လင်ပေါ်ကနေထိုင်လျက်ပျက်ယွင်းနေတဲ့အမတ်တွေရဲ့မျက်နှာထားကိုကြည့်ခဲ့သေးသည်
ဒီလောက်အထိအမိန့်ပေးနေတာတောင်အထွန့်တတ်ချင်တဲ့မျက်နှာတွေ

Wild flower Kim Where stories live. Discover now